ရှမ်းနီလူငယ်ကွန်ရက်များ အချင်းချင်း ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဆွေးနွေး

ရှမ်းနီလူငယ်ကွန်ရက်များ အချင်းချင်း ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ဆွေးနွေး
အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရားအနီးတွင် စည်းဝေးနေကြစဉ်
အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရားအနီးတွင် စည်းဝေးနေကြစဉ်

ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက်နှင့် အင်းတော်ကြီးဒေသ ရှမ်းနီလူငယ်ကွန်ရက်တို့ အချင်းချင်း ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးရေး သင်တန်းများပေးနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဇွန်လ (၁) ရက်နေ့က ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက်မှ ခေါင်းဆောင်များနှင့် အင်းတော်ကြီးဒေသ ရှမ်းနီလူငယ်ကွန်ရက်ခေါင်းဆောင်များ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားအနီးတွင်တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။

“ ဘာတွေဆွေးနွေးကြလဲဆိုတော့ ဗန်းမောက်လူငယ်တွေအတွက် စီမံခန့်ခွဲမှုသင်တန်းလုပ်ပေးချင်တယ် ။ လုပ်ပေးနိုင်တဲ့သူရှိလားတဲ့။ အခုကျမတို့လုပ်တဲ့ သဘာဝဆပ်ပြာရည် ဆပ်ပြာခဲ သင်တန်းလုပ်ပေးဖို့ အကူအညီတောင်းတယ်။ ဗန်းမောက်က ရှမ်းနီလူငယ်နဲ့ အင်းတော်ကြီးက ရှမ်းနီလူငယ်တွေလက်တွဲလုပ်ဖို့ ပေါ့” ဟု အင်းတော်ကြီး ရှမ်းနီလူငယ်ကွန်ရက်မှ နန်းအိအိအောင် က ဆိုသည်။

ထိုဆွေးနွေးမှု ရလဒ်အရ ဗန်းမောက်ရှမ်းနီလူငယ်များကို သဘာဝဆပ်ပြာရည် ဆပ်ပြာခဲ သင်တန်းပေးရန်အတွက် သဘောတူခဲ့ကြောင်း သိရသည်။

ဗန်းမောက်ရှမ်းနီလူငယ်ကွန်ရက်သည် မေလဆန်းပိုင်းတွင် ပြန်လည်ဖွဲ့စည်းခဲ့ကြပြီး အင်းတော်ကြီး ရှမ်းနီလူငယ်ကွန်ရက်သည် ၂၀၁၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...