မိုးသက်လေပြင်းကျ၍ ပြိုပျက်နေသော မြေပုံ-ကိုင်းကြီးစစ်ဘေးရှောင်စခန်းကို အမြန်တည်ဆောက်ရန် လိုအပ်နေ

မိုးသက်လေပြင်းကျ၍ ပြိုပျက်နေသော မြေပုံ-ကိုင်းကြီးစစ်ဘေးရှောင်စခန်းကို အမြန်တည်ဆောက်ရန် လိုအပ်နေ
ဓာတ်ပုံ- မေယုထွန်း
ဓာတ်ပုံ- မေယုထွန်း

ထွန်းခိုင် — အိမ်ထောင်စု ၄၂ စု၊ လူဦးရေ ၁၆၂ ဦး (ကျား ၇ဝ၊ မ ၉၂ ) နေထိုင်သည့် မြေပုံမြို့နယ်၊ ကိုင်းကြီး စစ်ဘေးရှောင်စခန်းမှ လူနေတဲအိမ်များမှာ မိုးသက်လေပြင်းကျ၍ ပြိုပျက်သွားသဖြင့် အမြန်ပြန်တည်ဆောက်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

မေလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီကျော်အချိန်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကိုင်းကြီးဒုက္ခသည်စခန်းရှိ တဲအိမ်များ ပြိုလဲပျက်စီးသွားခဲ့ကြောင်း၊ ယခုအခါ မိုးစရွာနေပြီ ဖြစ်သဖြင့် နေစရာအခက်အခဲဖြစ်နေကြောင်း ကိုင်းကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးကပြောသည်။

“ မေလ ၂၇ ရက်နေ့ နေ့လယ်က လေတိုက်ခတ်လို့ တဲအိမ်တွေအားလုံးပြိုလဲသွားတယ်။ တစ်ဆောင်မှ မကျန်ဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေဆိုရင် တအားဒုက္ခရောက်ခဲ့ရတယ်။ အခု မိုးက စရွာနေပြီ။ လောလောဆယ်မှာတော့ ခန်းမတစ်ခန်းရှိလို့ အဲဒီမှာဘဲ အဆင်ပြေသလိုနေကြရတယ်။ ဟောခန်းမကလည်း ကျဉ်းကျဉ်းလေး၊ ပစ္စည်းတွေကလည်း အဲဒီမှာဘဲ ထားရတာဆိုတာ လူတွေနေလို့က အဆင်မပြေဘူး။ မတတ်သာလို့တစ်ခု နေကြရတာ။ အိပ်ဖို့နေရာလည်း မရှိဘူး” ဟု ပြောသည်။

သို့အတွက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ ရေရှည်တွင် ကျန်းမာရေး အခက်အခဲ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းက အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကိုလည်း မရရှိတဲ့ အတွက် ဝမ်းရေးကိုဘဲဦးစားပေးဖြေရှင်းနေရတာကြောင့် တဲအိမ်တွေဆောက်လုပ်ဖို့ဘက်ကို မလှည့်နိုင်ဘူး။ အဓိက ငွေကြေးမရှိဘူး။ ဒါကြောင့် အခက်အခဲဖြစ်နေတာပါ” ဟု ၎င်းကဆက်ပြောသည်။

ထိုသို့တဲအိမ်များဆောက်လုပ်ရန် အခက်အခဲဖြစ်နေသဖြင့် ကိုင်းကြီးစစ်ဘေးရှောင်စခန်း ဆောက်လုပ်နိုင်ရန် အတွက် မေယုဒေသပရဟိတအဖွဲ့မှ မတည်ငွေ (၁၅) သိန်းကို လူမှုကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးဇင်းသဘာဝနဒီမှ တစ်ဆင့် စခန်း တာဝန်ရှိသူများသို့ ကူညီလှူဒါန်းခဲ့သည်ဟု သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်ရန်ရောက်ရှိလာကြရသော ကျေးရွာသားများမှာ သပြေတော၊ ကံ့ကော်ချောင်း၊ ဂြမ့်ဟင်းခါး၊ ကမ်းနီကျေးရွာတို့မှ ဖြစ်ကြောင်း သိရှိရသည်။

၎င်းပြင် မြေပုံမြို့နယ် ရက်ချောင်းစခန်းတွင်လည်း လူနေတဲအိမ်များဆောက်လုပ်ရန် အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...