မောင်တောမြို့တွင် ၂ ရက်တည်းအတွင်း ယာဘာစိတ်ကြွဆေးပြား (၁ဝ) သန်းနီးပါးဖမ်းမိ

မောင်တောမြို့တွင် ၂ ရက်တည်းအတွင်း ယာဘာစိတ်ကြွဆေးပြား (၁ဝ) သန်းနီးပါးဖမ်းမိ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် မေလ ၃ဝ ရက်နှင့် ၃၁ ရက်နေ့အတွင်း ယာဘာစိတ်ကြွဆေးပြား (၁ဝ) သန်းနီးပါး ဖမ်းမိသည်ဟု သတင်းရရှိသည်။

မေလ ၃၁ ရက် ယနေ့တွင် စိတ်ကြွဆေးပြား ၂၄၃၇၅ဝဝ ကို ဖမ်းမိခဲ့ပြီး မေလ ၃ဝ ရက်နေ့က စိတ်ကြွဆေးပြား ၇ဝ၉ဝ၇ဝဝ ပြားကို ဖမ်းမိခဲ့ပြီး စုစုပေါင်း ဖမ်းဆီးမိသော ဆေးပြားအရေအတွက်မှာ ၉၅၂၈၂ဝဝ ပြားဖြစ်ကြောင်း သိရှိရသည်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “မနေ့က ၇ သန်းကျော်၊ ဒီနေ့ ၂ သန်းကျော်ဆိုတော့ စုစုပေါင်း ၉ သန်းကျော် ဖမ်းမိပါတယ်။ မနေ့ကတော့ တရားခံပြေးကို လိုက်ဖမ်းရင်းနဲ့ မိတာ၊ ဒီနေ့ကတော့ သတင်းအရ ရှာဖွေ ဖမ်းဆီးမိတာဖြစ်ပါတယ်။ ဒီကနေ့ ဖမ်းမိတဲ့ ပိုင်ရှင်က မောင်တောက၊ သူက ထွက်ပြေးသွားတယ်။ ၅ ယောက်တော့မိတယ်။ သူတို့က ဆေးပြားလာပို့တဲ့သူတွေ ဖြစ်မှာပေါ့။ သေနတ်လည်း တစ်လက်မိတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

မောင်တောမြို့မှ ပိုင်ရှင်အမျိုးသမီးကို ဖမ်းမိပြီး သူက ဝန်ခံကြောင်း၊ အသေးစိတ် အချက်အလက်များကို ရဲတပ်ဖွဲ့သာ သိလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။

မေလ ၃၁ ရက်တွင် ဖမ်းမိသော ဆေးပြားများကို မောင်တောမြို့နယ်၊ ကံသာယာကျေးရွာထိပ်၌ ယနေ့ နံနက် ၉ နာရီ မိနစ် ၃ဝ အချိန်ခန့်က မောင်တောခရိုင်ရဲတပ်ဖွဲ့ဦးစီးသော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသည့် သတင်းအရ ကားကို ရှာဖွေစစ်ဆေးရာ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ကားပေါ်လိုက်ပါလာသူ ယာဉ်မောင်းအပါအဝင် လူ(၅)ဦးနှင့် အတူ စိတ်ကြွမူးယစ်ဆေးပြား(၂၄၃၇၅ဝဝ)ပြား ဖမ်းဆီးရမိပြီး ၎င်းတို့အား ဆက်လက် စစ်ဆေးမှုအရ ယာဉ်မောင်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ ပစ္စတို (၁)လက်၊ ကျည်(၅)ထောင့်၊ ငွေကျပ်(၄၉)သိန်းတို့အားဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မေလ ၃ဝ ရက်နေ့က ဖမ်းမိသော ဆေးပြားများမှာ မောင်တောမြို့၊ မြို့မကညင်တန်းကျေးရွာနေ ဦးဂျူဟာဟူဆိန်း(ဘ) ရှနာများ (၆၅)နှစ် အိမ်မှ နေ့လယ် ၁ နာရီတွင် ဖမ်းမိခြင်း ဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်မှာ ၇ဝ၉ဝ၇ဝဝပြား ကာလတန်ဖိုးအားဖြင့် ၁၄၁၈၁၄ဝဝဝဝဝ ကျပ် ရှိကြောင်း သိရသည်။

ဦးဂျူဟာဟူဆိန်းမှာ တရားခံပြေးဖြစ်သဖြင့် သူ့ကို လိုက်ရှာရာမှ အိမ်ထဲရှိ မသင်္ကာဖွယ်ရာ နေရာများကို ရှာဖွေရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဦးဂျူဟာဟူဆိန်း(ဘ) ရှနာများ (၆၅)နှစ်နှင့် အတူ မရေခါယာဒ်ဖာတေမာ(ဘ)မာမူရော်ရှိမ်း (၂၅)နှစ်လည်း ဖမ်းဆီးခံခဲ့ရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...