ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး စက်လှေစီးနေစဉ် သေနတ်အပစ်ခံရ၍ သေဆုံး

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး စက်လှေစီးနေစဉ် သေနတ်အပစ်ခံရ၍ သေဆုံး

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အသက် (၆၀) နှစ်အရွယ် ဒေါ်ဟွေ့ခင်သည် ယနေ့မနက် ၉ နာရီ ခွဲဝန်းကျင်တွင်အောက်မီးလက်ဝရွာသို့ ထင်းသယ်ပြီး အပြန်စက်လှေပေါ်တွင် သေနတ်အပစ်ခံရ၍ သေဆုံးကြောင်း သိရသည်။

ပလက်ဝဒေသခံတစ်ဦးက “ဒီမနက် ၈ နာရီဝန်းကျင်လောက်မှာ ပလက်ဝ တစ်ဖက် ကမ်းမှာရှိတဲ့ ဟိုတလောက မီးလောင်သွားတဲ့ အောက်မီးလက်ဝရွာကို ထမင်းဟင်းချက်ဖို့ ထင်းတွေကို သယ်ဖို့ လှေနှစ်စီးနဲ့ သွားကြတယ်။ အဲဒီကနေ အပြန် ပလက်ဝဖက်ကို ရောက်ခါနီးမှာ ကုလားတန်မြစ် အရှေ့ဖက်ကမ်းကနေ သေနတ်နဲ့ အပစ်ခံရပြီး လှေပေါ်မှာဘဲ သေသွားတယ်လို့ သိရတယ်”ဟု ပြောသည်။

သေနက် အပစ်ခံရသူ ဒေါ်ဟွေ့မှာ မေလ ၃၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲဝန်းကျင်တွင် မီးလက်ဝဖက်သို့ အဖော် ၇ ဦးနှင့် ထင်းယူပြီးအပြန် ပလက်ဝဖက် ကမ်းနားတွင် အပစ်ခံရကြောင်းသိရသည်။

သေဆုံးသွားသည့် ဒေါ်ဟွေ့မှာ အောက်မီးလက်ဝရွာတွင် သားသမီးများရှိပြီး ၎င်းတို့ထံ အလည်လာစဉ် အောက်မီးလက်ဝရွာအနီးနားတွင် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ပလက်ဝမြို့သို့ ပြောင်းရွှေ့ရာတွင် ပါဝင်ခဲ့ရသည့် သူလည်းဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင်းရှိ အောက်မီးလက်ဝကျေးရွာတွင် မေလ ၂၆ ရက်နေ့က အိမ်ခြေများစွာ မီးရှို့ခံရပြီး အောက်မီးလက်ဝ ရွာသူရွာသားများမှာ တိုက်ပွဲကြောင့် ရွာကိုမီးရှို့မခံရခင်ကတည်းက ရွာကိုစွန့်ခွာကာလက်ရှိပလက်ဝမြို့တွင် စစ်ဘေးရှောင်ဖြင့် နေထိုင်နေကြကြောင်း သိရသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...