စစ်ဘေးရှောင် ပြည်သူများမှ ဝါးဖြင့် ပြုလုပ်သော လူသုံးကုန်အချို့ကို ရောင်းချနိုင်ရန် ကူညီပေးသွားမည်

စစ်ဘေးရှောင် ပြည်သူများမှ ဝါးဖြင့် ပြုလုပ်သော လူသုံးကုန်အချို့ကို ရောင်းချနိုင်ရန် ကူညီပေးသွားမည်

Salai Khup Khup — ပလက်ဝမြို့နယ် ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းနေ ပြည်သူများမှ ဝါးဖြင့်ပြုလုပ်သော လူသုံးကုန်အချို့ကို ရောင်းချနိုင်ရန် စျေးကွက်နှင့် အရင်းအနှီးများ ကူညီပေးသွားမည်ဟု ယခုရက်ပိုင်းတွင် ဆမီးမြို့သို့သွားရောက်ခဲ့သည့် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “စစ်ဘေးရှောင် စခန်းတွေရောက်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကိုယ်ထူကိုယ်ထ ဝါးတွေနဲ့ ဆောက်ပြီး နေဖို့ကြိုးစားနေတဲ့ အချိန်မှာ ဝါးတွေနဲ့ သူတို့ ကျွမ်းကျင်တဲ့ လုပ်ငန်းဖြစ်တဲ့ ဝါးတွေနဲ့ ခမောက်တွေ ခြင်းလုံး ဖျာတွေ အိမ်အကာဝါးကပ်တွေကို စနစ်တကျနဲ့ လုပ်ပြီး ပြန်ရောင်းလို့ရအောင် လူသုံးကုန်တွေ များများထုတ်လုပ်နိုင်အောင် ချင်းပြည်နယ် အစိုးရနေနဲ့ မတည်ငွေ ၁၀ သိန်း RRCCCI က ၁၀ သိန်း စုစုပေါင်း သိန်း ၂၀ ဆယ်ကို ဒီက တာဝန်ရှိသူတွေကို ပေးခဲ့တယ်”ဟု ပြောသည်။

သူကဆက်ပြီး “အဓိကတော့ သူတို့လုပ်တဲ့ လက်မှုလုပ်ငန်းနဲ့ စျေးကွက် ရှိအောင် နောက်ပြီး အလှူရှင်တွေ အများကြီးလာတယ် အဲလိုလာတဲ့အခါကြရင် ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ လက်တွေ့ကျကျ လုပ်ထားတဲ့ ခမောက်လေး ဖြစ်ဖြစ် တစ်ခုခုကို လက်ဆောင်နေနဲ့ ပြန်ပေးမှာဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦးရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCCI ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AA တို့ကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နှင့် ဆမီးမြို့တွင်သာမက မီးဇာတွင်လည်း စစ်ဘေးအိမ်ထောင်စု ၁၀၂ စု ရှိပြီး လူဦးရေအားဖြင့် ၅၀၄ ဦးရှိကြောင်းလည်း သိရသည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...