ထိုင်းပြန်များလက်ခံရေး လူ ၃, ၀၀၀ ကျော်အတွက် အဆင်သင့်ပြင်ထားဟု ဝန်ကြီးချုပ်ပြော

ထိုင်းပြန်များလက်ခံရေး လူ ၃, ၀၀၀ ကျော်အတွက် အဆင်သင့်ပြင်ထားဟု ဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံမှ ပြန်လာမည့် မြန်မာအလုပ်သမားများကို ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်ရန် Quarantine ထားရှိရေးအပါအဝင် လူ ၃,၀၀၀ ဦးအတွက် အဆင်သင့်ပြင်ဆင်ထားသည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ နန်းခင်ထွေးမြင့်က မေ ၂၆ ရက်နေ့တွင် မီဒီယာများသို့ ပြောသည်။

ပြည်နယ် ဝန်ကြီးချုပ်သည် မေ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မြဝတီမြို့နယ်စပ်ရှိ မြန်မာ-ထိုင်းအမှတ် -၂၊ တံတား မြဝတီ BCF ဇုန်သို့ အစိုးရအဖွဲ့ဝင်များနှင့် အတူလာရောက် ကြည့်ရှုစဉ်တွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က “ကျမတို့ စီစဉ်ထားတာ အပြည့်ပဲလေ။ ကျမ ပြန်မေးလိုက်မယ်။ ကျမတို့ ပြင်ဆင်ထားတာ ဘာ အားနည်းချက်၊ လိုအပ်ချက်မြင်လဲ ပြောပါ။ ကျမတို့ ပြန်ဖြည့်ဆည်းပေးမယ်” ဟု မီဒီယာများသို့ ပြောသည်။

ထိုင်းမှ ပြန်လာမည့် မြန်မာ အလုပ်သမားများကို မြန်မာ- ထိုင်း အမှတ် -၂ တံတား မှတစ်ဆင့် လက်ခံလျက်ရှိရာ မေ ၂၆ ရက်နေ့အထိ မြန်မာ အလုပ်သမား ၄,၃၈၉ ဦးပြန်ဝင်လာပြီး ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တို့ မြဝတီခရီးစဉ်တွင်  ထိုင်းပြန်ရွှေ့ ပြောင်းအလုပ်သမားများ ထားရှိသော မြဝတီမြို့ အမှတ် ၄  ရပ်ကွက်ရှိ ရွှေမြဝတီဈေးသစ် Quarantine Center အား ဝင်ရောက် ကြည့်ရှု ခဲ့ပါသည်။ ယင်းနောက် မွန်းလွဲ ၁ နာရီခန့် အချိန်တွင် ထိုင်းမြန်မာအမှတ် -၂ တံတား မြဝတီဘက်ခြမ်း BCF ဇုန်အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...