ကျောင်းဖွင့်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းရှိ Quarantine များကိုပြောင်းရွေ့ရန် စီစဉ်နေ

ကျောင်းဖွင့်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းရှိ Quarantine များကိုပြောင်းရွေ့ရန် စီစဉ်နေ
FQ ဝင်နေသူများ၊ ဓါတ်ပုံ – တင်ထွန်းသိန်း
FQ ဝင်နေသူများ၊ ဓါတ်ပုံ – တင်ထွန်းသိန်း

ကချင်ပြည်နယ်အတွင်း Community F.Q နေရာအဖြစ် သတ်မှတ်ထားသည့် အခြေခံစာသင်ကျောင်းများကို ဇွန်လ ၁၅ရက် အပြီးတိုင်အပ်နိုင်ရန် စီစဉ်နေပြီဟု သိရသည်။

“ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ ခုလက်ရှိစာသင်ကျောင်းတွေမှာထားတဲ့ Qဝင်နေတဲ့သူတွေကို ဘာသာရေးအဆောက်အဦးတွေမှာထားဖို့ စီစဉ်နေတယ်။ ဒါပေမယ့် စာသင်ကျောင်းလောက်တော့ အဆင်မပြေနိုင်ဘူး။ အစစအရာရာပြန်လုပ်ရတာရှိတယ်။ တစ်ချို့နေရာတွေကျတော့ ရေ၊ မီးကအစ ပြန်လုပ်ရတာမျိုးရှိတယ်။ ဒါပေမယ့် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း ဘာသာရေးခေါင်းဆောင်တွေက လိုလိုလားလားလက်ခံပေးကြတဲ့တွက်ကျေးဇူးတင်တယ်။” ဟု လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

 လက်ရှိတွင် FQ ထားရှိခဲ့သောစာသင်ကျောင်းများကို ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ လုပ်ဆောင်ပေးနေပြီး ထပ်မံပြောင်းရွှေ့မည့်တစ်ချို့နေရာများတွင်လည်း ရေ၊ မီးရရှိရန် ဆောင်ရွက်နေကြသည်။

ဇွန်လ ၁၆ရက်နေ့ နောက်ပိုင်း ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံခြားပြန်များကို အသစ်ပြင်ဆင်ထားသော FQ နေရာများတွင်သာ ထားရှိတော့မည်ဖြစ်သည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာ F.Q သတ်မှတ်ထားသည့်နေရာများမှ မြစ်ကြီးနားခရိုင်(၈၂)၊ ဗန်းမော်ခရိုင်(၂၆၆)၊ မိုးညှင်းခရိုင်(၁၄၂)၊ ပူတာအိုခရိုင် (၄၅) ရှိပြီး နေရာစုစုပေါင်း ၅၃၅ နေရာရှိပြီး Q ဝင်နေသူအားလုံး ၉၀၀၀၀ ကျော်ရှိသည်ဟု လဝက ဌာနမှ သိရသည်။

 

Q ဝင်နေသူအများစုသည် တရုတ်နယ်စပ်ဂိတ် ကန်ပိုင်တီနှင့် လွယ်ဂျယ်ဂိတ်မှဝင်လာသူများဖြစ်ကြပြီး လွန်ခဲ့သည့် ဧပြီလမှ မေလ ၂၆ရက်နေ့ထိ တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၁၀၀၀၀ နီးပါးရှိပြီ ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးများမှ ဝင်ရောက်လာသည့်မည်သူမဆို သတ်မှတ်ထားသည့် Qနေရာတွင် သီးခြားနေရမည်ဖြစ်ပြီး ညွှန်ကြားချက်တစ်စုံတစ်ရာမထုတ်သေးသရွှေ့အတည်ဖြစ်သည်ဟု သိရဥည်။

ကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိသူတစ်ဦးရှိခဲ့သော်လည်း ကုသမှုခံယူခဲ့ပြီးနောက် သုံးကြိမ်တိုင်တိုင်ပြန်လည်စစ်ဆေးခဲ့ရာ ရောဂါပိုးထပ်တွေ့ခြင်းမရှိတော့သည့်တွက် ၎င်း၏နေအိမ်သို့ မေလ ၂၅ရက်နေ့တွင်ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...