ဆမီးမြို့တွင်ပုံနေသောဆန်အိတ်များကို ပလက်ဝမြို့သို့ပို့ဆောင်နိုင်ရန်ထပ်မံကြိုးပမ်းနေ

ဆမီးမြို့တွင်ပုံနေသောဆန်အိတ်များကို ပလက်ဝမြို့သို့ပို့ဆောင်နိုင်ရန်ထပ်မံကြိုးပမ်းနေ

Salai Khup Khup — ဆမီးမြို့တွင်ပုံနေသောဆန်အိတ်များကို ပလက်ဝမြို့သို့ပို့ဆောင်နိုင်ရန် ချင်းပြည်နယ်အစိုးရမှ ထပ်မံကြိုးပမ်းနေကြောင်း ပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “စားနပ်ရိက္ခာ အားလုံးက ဆမီးမှာပုံနေတယ်ဆိုတော့ ဆမီးမှာ အဆင်ပြေတယ် ပလက်ဝနဲ့ ရွာတစ်ခုက လမ်းကြောင်းအရ လိုအပ်ချက်ရှိတယ်။ ပြည်ထောင်စု အဖွဲ့ကို တင်ပြပြီးတော့ ပို့ဖို့စီစဉ်နေတယ်။ လုံခြုံရေးအခြေအနေအရ ပို့လို့မရသေးဘူး ဆန်အိတ် ၃၅၀၀ နဲ့ ကျန်တဲ့ လူသုံးကုန် ပစ္စည်းတွေကို ပို့ဖို့အစီစဉ်ရှိတယ်။ ဆမီးမှာရောက်ပြီးသား အဲဒါတွေပို့ဖို့ ပလက်ဝနဲ့ ဆမီးကြားမှာ လုံခြုံရေးအခြေနေရ ပို့လို့မရသေးဘူး”ဟုပြောသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ပြည်ထောင်စု အစိုးရ ပြည်တွင်းပြည်ပ အလှူရှင်များမှ လှူတန်းထားသည့် ဆန်အိတ်များမှာ ဆမီးတွင် ရှိနေပြီး ပလက်မြို့ပေါ်သို့ ပို့ဆောင်ရန် လုံခြုံရေးအခြေနေအရ စိတ်မချရသေးကြောင်းလည်း သိရသည်။

လက်ရှိ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် မိုးတွင်းမတိုင်မီ ဝါးများနှင့် နေအိမ်များကို ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးလျှက်ရှိပြီး့ ပြည်သူများအရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI မှလည်းအလှူငွေများ ကောက်ခံပေး နေလျှက်ရှိကြောင်းလည်းသိရသည်။

ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။

ပလက်ဝမြို့နှင့်ရခိုင်ပြည်နယ်ကျောက်တော်မြို့ကိုဆက်သွယ်ရာတွင်လည်းကောင်း၊ဆမီးမြို့နှင့်မတူပီမြို့ကိုဆက်သွယ်ရာတွင်လည်းကောင်းအရေးပါသည့်ကုလားတန် မြစ်ကူးတံတားပြီးဆုံးပြီ ဖြစ်သော်လည်း နယ်မြေမငြိမ်းချမ်း မှုကြောင့် တံတားပေါ်သို့ မည်သူမှ ဖြက်သန်းသွားလာခြင်း မရှိသေးကြောင်း သိရသည်။

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...