အိန္ဒိယတွင် သောင်တင်နေသည့် မြန်မာကျောင်းသားများ ပြန်လာ

အိန္ဒိယတွင် သောင်တင်နေသည့် မြန်မာကျောင်းသားများ ပြန်လာ

အိန္ဒိယနိုင်ငံတွင် ဓမ္မကျမ်းစာကျောင်းတက်ရောက်သင်ကြားရင်း ကိုဗစ်နိုင်တင်းကြောင့် သောင်တင်နေကြသော မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား ၁၆ ယောက်သည် မြန်မာနိုင်ငံသို့ မေလ ၂၁ ရက်နေ့က ပြန်လည်ရောက်ရှိ ကြသည်ဟုသိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အာသံပြည်နယ် ဂိုဟာတီးမြို့တွင် သောင်တင်နေကြသည့် မြန်မာကျမ်းစာကျောင်းသား ၃၂ ဦးအနက် အိုင်ဇောလ်မြို့မှ ၁၆ ယောက်သည် ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့၏ အစီစဉ်ဖြင့် မေလ ၂၁ ရက်နေ့ ညနေပိုင်းက ရိ-ဇိုခေါထာရ်နယ်စပ်ဂိတ်သို့ ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။

၎င်းတို့အားလုံးကို ရိခေါဒါရ်မြို့တွင် Facility Quarantine အဖြစ်ထားရှိရန် အစကနဦးက စီစဉ်ထားခဲ့ကြသော်လည်း တီးတိန်မြို့တွင်ပြန်လည်ထားရှိရန် စီစဉ်သည့်အတွက် ယနေ့နံနက်ပိုင်းက တီးတိန်မြို့ကို ပို့ဆောင်လိုက်ပြီဟု ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဦးလားပက်လောမ်မာကပြောသည်။

“သူတို့ ဒီမနက်  ၉း၃၀ မှာ တီးတိန်မှာ Quarantine ထားဖို့ ကျွန်တော်တို့ပို့လိုက်ပြီ ၊ ၁၆ယောက်ပြန်လာကြတယ် ၊ ရိဒ်မှာမထားတော့ဘူး ၊ တီးတိန်မြို့မှာထားမယ် ’’ ဟု ပြန်ဆက်ဦးစီးမှူးကပြောသည်။

ယခုပြန်လာသည့်ကျမ်းစာကျောင်းသားများသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ ချင်းပြည်နယ် တီးတိန်၊ ကျီခါး၊ မင်းတပ်၊ ဟားခါး နှင့် ရန်ကုန်မြို့တို့တွင် နေထိုင်သူများဖြစ်ကြပြီး တီးတိန်မြို့ FBBC ကျမ်းစာကျောင်းတွင် Facility Quarantine ၂၁ ရက်ထားရှိပြီးနောက် ၎င်းတို့၏နေရပ်အသီးသီးသို့ပြန်လည်စေလွှတ်မည်ဟုသိရသည်။

အာသံပြည်နယ် ဂိုဟာတီးမြို့တွင် သောင်တင်နေကြသော မြန်မာကျောင်းသားများကို မည်သည့်အချိန်တွင် ပြန်လည်ပို့ဆောင်မည်ကိုမူ မသိရသေးပေ။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကယက်ကြောင့် အိန္ဒိယတစ်နိုင်ငံလုံး Lockdown ချထားသည့်အတွက် အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးတွင် ကျမ်းစာကျောင်းတက်ရောက်နေကြသည့် မြန်မာနိုင်ငံမှ ကျောင်းသားများသည် နေရပ်ပြန်နိုင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်ကြံတွေ့လျက်ရှိကြသည်ဟု သိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...