ပုဏ္ဏားကျွန်း ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ၅ဦးကို ရုံးထုတ်

ပုဏ္ဏားကျွန်း ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ၅ဦးကို ရုံးထုတ်

အိမ်စိုးဖြူ — ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဖမ်ဆီးခံရသူ ၅ ဦးကို ယနေ့မေလ ၂၂ ရက်နေ့ နေ့လယ်တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်(၂၄ နှစ်)၊ ကိုမျိုးလင်းဦး (၂၄ နှစ်)၊ ကိုမောင်ချေ (၂၄ နှစ်)တို့ဖြစ်ကြပြီး ကျန်နှစ်ဦးအနက် တစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်မှ ကိုမင်းစိုး (၃၈ နှစ်)နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂ နှစ်)တို့ဖြစ်ကြသည်။

"အစက ပုဏ္ဏားကျွန်းမှာ ရုံးထုတ်မယ်ဆိုပြီး ထင်တာ။ နောက် စစ်တွေကိုထပ်ပို့တယ်။ စစ်တွေ ခရိုင်တရားရုံးမှာ ရုံးထုတ်ပါတယ်။ သူတို့ကို ရဲစခန်းမှာတော့ သူတို့ကို ထပ်မရိုက်တော့ဘူးလို့ပြောတယ်။ တွေ့ခွင့်လည်း ရပါတယ်။ ဒါပေမဲ့ ဟိုနားဒီနားကတော့ နာနေ၊အောင့်နေတုန်းပါပဲ သူတို့ခမျာ"ဟု ကျောက်ဆိပ်ကျေးရွာမှ မောင်မျိုးလင်းဦး၏ ဖခင်ဖြစ်သူ ဒုလ္လဘရဟန်း ဦးပညာဝံသကမိန့်သည်။

ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ်ကျေးရွာတွင် ၄င်းတို့ ၅ ဦး အပါအဝင် ရွာသား ၃၈ ဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးပေးခဲ့သော်လည်း သူတို့ ၅ ဦးအား ဆက်လက် ဖမ်းဆီးထားခဲ့သည်။

၄င်းတို့ ၅ ဦးကို စစ်ရေယာဉ်တစ်စီးပေါ်တွင် တပ်မတော် သားများက မျက်လုံးကို အဝတ်ဖြင့်စည်းပြီး နောက်ပြန်ကြိုးတုတ်ကာ ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင် တစ်ခုသည် မေလ ၁ဝ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီးနောက် သူတို့ အမှုကို လူသိများလာခဲ့သည်။

ညှဉ်းပမ်းနှိပ်စပ်သူ တပ်မတော်သားများကို ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...