ချင်းပြည်နယ်တွင် ကွမ်းပေါင်း၊ ခိုင်နီးနှင့်ရာဂျား အဆမတန် စျေးတက်

ချင်းပြည်နယ်တွင် ကွမ်းပေါင်း၊ ခိုင်နီးနှင့်ရာဂျား အဆမတန် စျေးတက်

Salai C Lian — ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ပေါင်းများစွာ ကုန်စီးဆင်းမှုပြတ်လပ်နေပြီး ချင်းလူမျိူးများနှစ်ခြိုက်သည့် ကွမ်းပေါင်း၊ ခိုင်းနီး စျေးနှုန်း ချင်းပြည်နယ်တွင် အဆမတန် စျေးခုန်တက်သောကြောင့် စားသုံးသူများ အခက်ကြုံနေရကြောင်း သိရသည်။

ချင်းပြည်နယ် တီးတိန်မြို့တွင် ကိုဗစ်ရောဂါ မဖြစ်ပွားမှီ ခိုင်နီးတစ်ဘူး ၅၀၀ ကျပ်ဖြင့် ဝယ်နေရသော်လည်း လက်ရှိတွင် ၁၅၀၀ ပေးနေရကြောင်း တီးတိန်မြို့ခံလူငယ်တစ်ဦးကပြောသည်။သူက “အခု ကွမ်းပေါင်း ၆ ထုတ် ၁ ထောင်နဲ့တောင်ရှာဝယ်ရတယ်၊ ကိုဗစ်မတိုင်ခင် ခိုင်နီး တစ်ဘူး ၅၀၀ ပေးရတယ်၊ ခုက တစ်ဘူးကို ၁၅၀၀ ပေးဝယ်နေရတယ်” ဟုပြောသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ကိုဗစ်ကာလမတိုင်မှီတွင်ကွမ်းပေါင်း ၄ ထုတ် ၅ဝဝကျပ် ဖြင့်ဝယ်နေရပြီး လက်ရှိတွင် ၆ ထုတ် ၁ ထောင်ဖြင့်ဝယ်နေရကြောင်းသိရသည်။

ဟားခါးဒေသခံတစ်ဦးက “အရင်က ရာဂျားတစ်ထုတ် ၅၀၀ ပေးရတယ်၊ နောက်ဝယ်ဖို့မရှိအောင်ပြတ်လပ်သွားတယ်၊ အခုပြန်ရောက်တော့ တစ်ထုတ် ၁၅၀၀ နဲ့ပြန်ရောင်းတယ်၊ ကွမ်းပေါင်းကတော့ ၆ ထုတ် ၁ ထောင်ပေးရတယ်” ဟုပြောသည်။

ထို့ပြင် ချင်းပြည်နယ် တောင်ပိုင်းဖြစ်သည့် မင်းတပ်မြို့တွင် လက်ရှိအချိန်ထိ ကွမ်းပေါင်း ပြတ်လပ်နေပြီး၊ ပတူပီတွင်လည်း ခိုင်နီးစျေး အရင်ကထက် တစ်ဆပိုပေးနေရကြောင်း သိရသည်။

မတူပီဒေသခံ တစ်ဦးက “ မတူပီမှာ ခိုင်နီးကအရင်ကတော့ ၈၀၀ ပေးရတယ်၊ အဲဒါတောင် အကြာကြီးပြတ်သွားတယ်၊ ပုံမှန်တော့ ၅၀၀ ပေးတယ်၊ နောက်ပြီး ၈၀၀ ကနေ ၁၀၀၀ တက်တယ်၊ ကွမ်းပေါင်းတော့ ပြတ်တာကြာပြီ” ဟုပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် နယ်စပ်ဂိတ်များ တစ်လကျော်ပိတ်နေရခြင်းကြောင့် ကုန်သွယ်မူရပ်တန့်နေပြီး ယခုလို စျေးတက်ရခြင်းဖြစ်ကြောင်း စားသုံးသူအချို့မှ သုံးသပ်ကြသည်။

ဆေးရွက်ကြီးဖြင့် ပြုလုပ်သည့် ကွမ်းပေါင်း၊ခိုင်းနီး၊ ရာဂျားသုံးစွဲခြင်းကြောင့် လူ့ကျန်းမာရေးထိခိုက်ပြီး ကင်ဆာရောဂါထိ ဖြစ်စေနိုင်ကြောင်း ကန်ပက်လက်မြို့ဆေးရုံအုပ် ဒေါက်တာ Pau Sian Lian မှတ်ချက်ပြုသည်။သူက “ဆေးရွက်ကြီးနဲ့ ထုတ်လုပ်တဲ့ ကွမ်းပေါင်း၊ ခိုင်နီး၊ ယာဂျား သုံစွဲခြင်းကြောင့် ကျန်းမာရေးအရ အဓိကတော့ အဆုတ်၊ နှလုံး၊ လည်ချောင်း၊ လျှာ၊ အစာအိမ်တို့ကို ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်၊ စီးပွားရေးအရ မသိမသာ ငွေကို ဖြုန်းပေးတယ်၊ ပြီးတော့ အကျင့်ပါ ပျက်စီးပေးတယ်၊ စားသုံးတာများရင် မစားရင် မနေနိုင်ဘူး၊ လိုက်တောင်းစားတာမျိုးလည်း ဖြစ်စေတယ်” ဟုဆိုသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...