ဆမီးမြို့တွင်ရှိသော စစ်ဘေးရှောင်အများစု၏ကျန်းမာရေးစိုးရိမ်ရ

ဆမီးမြို့တွင်ရှိသော စစ်ဘေးရှောင်အများစု၏ကျန်းမာရေးစိုးရိမ်ရ

Salai Khup Khup — ပလက်ဝမြို့နယ် ဆမီးမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအများစုအတွက် နေစရာအိမ်များဆောက်လုပ်မူမပြီးစီးသေးသော်ကြောင့် ၄င်းတို့၏ကျန််းမာရေးစိုးရိမ်နေရသည်ဟု ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ဆလိုင်းမျိုးထိုက် ထံမှသိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “အခုပြည်နယ်အစိုးရက ဆောက်ပေးတာ ၁၀ လုံးဘဲ ဆောက်သေးတယ်လို့ သိရတယ်။ အိမ်ခြေ ၂၀၀ လောက်ဘဲ နေလို့ရတယ် အလုံး၃၀ တော့ပြည်နယ် အစိုးရက ဆောက်ပေးမယ်လို့တော့ သိရတယ်။ သုံးပုံတစ်ပုံဘဲ နေရတဲ့ အနေထားမှာဘဲ ရှိသေးတယ်။ မိုးရာသီလည်း ဝင်ပြီမိုးလည်း အရမ်းရွာနေပြီ တမံတလင်းပေါ်မှာအိပ်နေရတဲ့ သူတွေ အခုဆိုရင် နှစ်လလောက်ရှိပြီ။ ကလေးငယ်တွေ အတွက် ကျန်းမာရေးပိုင်း စိုးရိမ်ရတယ်”ဟု ပြောသည်။

ဆမီးမြို့တွင် စစ်ဘေးရှောင်လာသည့် သူများအတွက် နေစရာများ စီစဉ်ပေး နိုင်မှသာ ကျန်သည့် ကိစ္စများဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း ဆလိုင်းမျိုးထိုက်က ပြောသည်။

 “ရွာက ကလေးတွေလည်း အချိန်နဲ့တဖြည်းညီကျောင်းဖွင့်တဲ့ချိန်ရောက်ရင် ကျောင်းဖွင့်နိုင်အောင် ပညာရေးအပိုင်းလည်း ဆွေးနွေးစရာတွေ ရှိလာပြီ အဓိကတော့ မိသားစုတွေ ဆယ်ပေပတ်လည်နဲ့ မိသားစုတွေ လုံလုံခြုံခြုံ နေနိုင်မှသာ နောက်ကိစ္စတွေကို ဆွေးနွေးလို့ရတယ် ပြည်နယ်အစိုးရမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို ညှိနှိုင်းတိုင်ပင်တာလည်း မရှိဘူး ဒီတိုင်းချပေးတယ်ကော်မတီဖွဲ့တာတောင်ထုတ်ပြန်မှသိရတယ် အောက်ကွင်းဆင်းပြီးမှ အားလုံးမဟုတ်ရင်တောင်မှ အနည်းနဲ့များသိတယ် အိမ်တွေလည်း ထက်ဝတ်ကျော်လိုသေးတယ်”ဟု ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည် အမြောက်များ နေစရာ အိမ်မရှိသည့်အပြင် ရေလုံအိမ်သာနှင့် အခြားကျန်းမာရေး ကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်စရာရှိလာကြောင်း ဒေသခံများကပြောသည်။

“အိမ်သာတွေလည်း အများကြီးလိုအပ်တယ် မိုးရာသီလည်း ရောက်ပြီဆိုတော့ တောင်ပေါ်ဒေသလည်း ရောက်ပြီဆိုတော့ ယင်ကောင်တွေ အများကြီးရှိလာပြီ

ဒီလိုမျိုးအချိန်မှာ အိမ်သာတွေ စနစ်တကျ မရှိဘူးဆိုရင် ဝမ်းပျက်ဝမ်းလျောတွေ များလာနိုင်တယ်”ဟု ပြောသည်။

ဆမီးမြို့တွင် စစ်ဘေးရှောင်လာသည့် ဒုက္ခသည် အိမ်ထောင်စု ၆၉၈ အိမ်ထောင်စု ရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ ဦးတို့ရှိကာ ၎င်းတို့အတွက် ပြည်နယ်အစိုးရအပါဝင် အခြားအလှူရှင်များမှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးနေလျှက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်ရှိစစ်ဘေးရှောင်များအရေးနှင့်ပြန်လည်ထူထောင်ရေးအတွက်ချင်းပြည်နယ်အစိုးရမှမကြာသေးမှီရက်ပိုင်းက ကော်မတီတရပ်ကိုလည်းဖွဲ့စည်းထားသည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...