မြဝတီတွင် မီတာခ ပိုကောက်ခံထားခြင်းများကို ပြန်စိစစ်၍ ပြေလည်အေင် ဆောင်ရွက်ပေးမည်

မြဝတီတွင် မီတာခ ပိုကောက်ခံထားခြင်းများကို ပြန်စိစစ်၍ ပြေလည်အေင် ဆောင်ရွက်ပေးမည်

မြဝတီမြို့နယ်တွင် သုံးစွဲထားသည့် လျှပ်စစ်ဓါတ်အား ယူနစ်ပမာထက် ပိုကောက်ခံထားခြင်းများကို ပြန်လည်စိစစ်ကာ ပြေလည်အောင် ဆောင်ရွက်ပေးသွားမည်ဟု မြို့နယ်လျှပ်စစ်ရုံးတာဝန်ခံ ဦးရဲလှိုင်က မေ ၁၈ ရက်နေ့ တွင် ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြဝတီမြို့တွင် မီတာဘောက် အလုံး ၆,၀၀၀ ကျော်ရှိပြီး မီတာဖတ် စာရေးမလုံလောက်သည့်အတွက် အကူလျှပ်စစ်ဝန်ထမ်းများခန့်ထားပြီး မီတာဖတ်ခိုင်းခြင်းများ ရှိသည်။ ထိုအတွက် မှားယွင်းမှုများရှိပြီး တမြို့ နယ် လုံးအတိုင်းအတာဖြင့် ၃ ရာခိုင်နှုန်းခံသာ မှားယွင်းခြင်းဖြစ်သည်ဟု မြို့နယ်လျှပ်စစ်ရုံးမှ သိရသည်။

“မီတာခကောက်ခံ စာရွက်မှာ ပြည်သူများသုံးစွဲသည့် ပမာဏထက် ယူနစ် ပိုမိုထည့်သွင်းမိတာတွေ ရှိပါတယ်။ ဒီလိုမှားယွင်းမှုက စာရင်းအရ တမြို့လုံးအတိုင်းအတာမှာ ၃ ရာနှုန်းခန့်ရှိတယ်”ဟု မြဝတီမြို့နယ် လျှပ်စစ်ရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးသီဟက ပြောသည်။

အစိုးရလျှပ်စစ်မီး စတင်သုံးစွဲသည်မှာ ၂ လခန့်သာရှိပြီး စုစုပေါင်းသုံးစွဲသည့် ယူနစ် ၆၂၉ ယူနစ်သာ ရှိသော် လည်း မီတာခ ဘောက်ချာတွင် ယူနစ် ၁၃၂၇ ယူနစ်ဟု မှားယွင်းထည့်သွင်းထားသည်ကို ကြုံတွေ့ရကြောင်း မြဝတီမြို့နယ် အမှတ် ၄ ရပ်ကွက်၊ အောင်မြေရွှေဘုံရပ်နေ ဒေါ်ကြည်ကြည်သန်းက ပြောသည်။

“မီတာခ ကင်းလွတ်ခွင့် ယူနစ် ၁၅၀ နုတ်ပြီးတောင်မှ ၁၀၅,၇၅၀ ကျပ် ပေးသွင်းရမယ်ဆိုတော့ ကျမအနေနဲ့ ပေးဖို့က ဘယ်လိုမှ ဖြစ်နိုင်ပါဘူး။ ၁၇ ရက်နေ့က မြဝတီလျှပ်စစ်ရုံးကို သွင်းရမယ့်မီတာခက သုံးစွဲတဲ့ ပမာဏ ထက် ၁၀ ဆခန့် ပိုနေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ တာဝန်ရှိသူတွေက စာရွက်ထဲမှာပါတဲ့ မီတာခ အတိုင်း ငွေသွင်းခိုင်းပါတယ်။ တကယ် မသုံးပဲ အဆမတန်ပေးရမယ် ဆိုတာက မဖြစ်သင့်ဘူး”၎င်းက ပြောဆိုသည်။

အလားတူ အမှတ် ၃ ရပ်ကွက်၊ ကရင်စာပေ ၅ လမ်းနေသူတဦးက “ကျနော်အိမ်ကို မီတာ လာတပ်ပေးတာ နှစ် လလောက်ရှိပြီး။ သူတို့က မီတာသာလာတပ်ပေးတာ မီးကြိုးမတပ်ဆင်ပေးတော့ မြန်မာ့မီးကို ကျနော်တို့ အသုံး မပြုရသေးပါဘူး။ ဘာမှမသုံးရသေးတဲ့ မီတာကို ဘယ်လိုဖတ်သွားလဲတော့ မသိဘူး။ ယခင်လ ကျန်ငွေ ၁၃၀၅ ကျပ်နဲ့ ယခုလ ယူနစ် ၂၀၀ သုံးစွဲထားတယ် ဆိုပြီး ရေးထားတဲ့ မီးတာခကောက်ခံစာရွက် လာပေးပြီး ငွေလာသွင်းခိုင်းတယ်” ဟု ပြောသည်။

မြဝတီတွင် ယခင်က ထိုင်းနိုင်ငံမှလျှပ်စစ်မီးကို ဝယ်ယူသုံးစွဲခဲ့ပြီး လွန်ခဲ့သည့် လအနည်းငယ်တွင် အစိုးရ လျှပ် စစ်မီးကို ပြောင်းလဲ တပ်ဆင် အသုံးပြုလျက်ရှိပြီး ဖြစ်သည်။ လက်ရှိ မီတာဘောက် အလုံးတစ်သောင်းခန့် တပ် ဆင်ထားပြီး ဖြစ်သော်လည်း မြို့တွင်း အချို့နေရာများတွင် မီတာဘောက်သာ တပ်ဆင်ထားပြီး မီးသုံးစွဲခွင့် မရသေးကြောင်း မြို့ခံများထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...