COVID-19 ကြောင့် အိန္ဒိယတွင်သောင်တင်နေသော မြန်မာကျောင်းသားများ ပြည်တော်မပြန်နိုင်သေး

COVID-19 ကြောင့် အိန္ဒိယတွင်သောင်တင်နေသော မြန်မာကျောင်းသားများ ပြည်တော်မပြန်နိုင်သေး

ရစ်ချက် – အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ရောက်ပြီး COVID-19 ကယက် Lockdown ကြောင့် သောင်တင်နေကြသည့် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား (၃၂) ယောက်တို့သည် အိန္ဒိယဗဟိုအစိုးရ ခွင့်ပြုချက်အမိန့်ကို စောင့်ဆိုင်းနေခြင်းကြောင့် မပြန်နိုင်သေးကြောင်း Chin Pawlpi Mizoram ဒု-ဥက္ကဌ Pu Van Neih Cem က ပြောသည်။

“မပြန်နိုင်ကြသေးဘူး။ ချင်းပြည်နယ်အစိုးရမှ ပို့လိုက်တဲ့စာမှာတော့ မေလ (၁၆) ရက်နေ့ပြန်ပို့ဖို့ဖြစ်တယ်။ ဒါပေမယ့် ဒီဘက်မှာ ဒီကိစ္စကို အဓိက ဆောင်ရွက်နေတဲ့ Pu H.Rammawi က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga နှင့် Chief Secretary ထံ စာကို ပို့လိုက်ပြီဖြစ်တယ်။ ဒါပေမယ့် Chief Secretary ကနေတဆင့် ဒေလီမှာရှိတဲ့ ဗဟိုထံ Approver တောင်းခံခဲ့တယ်။ ဒါကြောင့် အချိန်အနည်းငယ် ကြန့်ကြာနေတာဖြစ်တယ်။ ဘယ်အချိန်မှာပြန်ပို့ဖြစ်မယ် မသိရပေမဲ့ မကြာလောက်တော့ဘူးလို့တော့ မျော်လင့်ပါတယ်’’ ဟု Pu Van Neih Cem က ပြောသည်။

အဆိုပါ ကျမ်းစာကျောင်းသား (၃၂) ဦးတို့ကို မီဇိုရမ်နှင့် ချင်းပြည်နယ်အစိုးရတို့၏အစီစဉ်ဖြင့် မေလ (၁၆) ရက်နေ့က မြန်မာနိုင်ငံသို့ ပို့ဆောင်ရန်စီစဉ်ခဲ့ ကြခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ကျနော်တို့ဘက်ကတော့ အဆင်သင့်ဖြစ် ပြီ ကြိုဆိုဖို့နဲ့ သူတို့ပြန်လာရင် နယ်စပ်မှာ Quarantine ထားမယ့်နေရာလည်း အဆင်သင့်ဘဲ ဒါပေမယ့် ဂိုးဟာတီးနဲ့ အိုင်ဇောလ်မှာနေတဲ့သူတွေကို ပေါင်းပြီးပို့မယ့်ကိစ္စမှာ သူတို့ဘက်က နည်းနည်းအခက်အခဲရှိနေ သေးတယ်ထင်တယ်’’ ဟု ပြောသည်။

မြန်မာကျမ်းစာကျောင်းသားများသည် အိုင်ဇောလ်မြို့တွင် (၁၇) ဦးနှင့် အာသန်ပြည်နယ် ဂိုးဟာတီးမြို့တွင် ၁၅ ဦး စသဖြင့် အသီးသီး သောင်တင်လျက်ရှိကြပြီး မီဇိုရမ်အစိုးရအနေဖြင့် အဆိုပါကျောင်းသားများကို အိုင်ဇောလ်မြို့မှ အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေး စခန်း ရိ-ဇိုခေါထားဂိတ်အထိ ပို့ဆောင်ကာ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကြိုဆိုရန်လက်ခံရန်စီစဉ်ထားကြခြင်းဖြစ်သည်။

 

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...