ကရင်ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ ၂ ဦး စတင်တွေ့ရှိ

ကရင်ပြည်နယ်တွင် Covid-19 အတည်ပြုလူနာ ၂ ဦး စတင်တွေ့ရှိ

စောရှား — ကရင်ပြည်နယ်တွင် Covid-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၂ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မေလ ၁၈ ရက် နံနက်  ၇ နာရီခွဲ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ ကော့ကရိတ်မြို့နယ်မှ အမျိုးသား ၂ ဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က “အကုန်လုံးက မြဝတီကို အာရုံများများ စိုက်ထားတယ် လေနော်။ ပြောချင်တဲ့သဘောက ပြန်ဝင်လာတဲ့လူက နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ရောဂါပိုးက ပါလာနိုင်တာပဲလေနော်။ အခုလောလောဆယ်တော့ ၂ ယောက်စလုံးက ကျန်းမာပါတယ်။” ကေအိုင်စီသို့ ယနေ့ တွင် ပြောသည်။

မေလ ၁၁ ရက်နေ့တွင် မလေးရှားနိုင်ငံမှ ပြန်လာခဲ့သည့် အဆိုပါ အမျိုးသား ၂ ဦးအား ဖားအံမြို့နယ်၊ တောင် ကလေးရွာရှိ Quarantine စခန်းတစ်ခုတွင် ထားရှိခဲ့ရာမှ လက်ရှိအချိန်တွင် ဖားအံပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနေပြီ ဖြစ်ကြောင်း ဦးဘိုဘိုဝေမောင်က ဆက်ပြောသည်။  

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်မှ လူနာအမှတ်စဉ် ၁၈၆ သည် ၂၂ နှစ်အရွယ်ဖြစ်ပြီး အမှတ်စဉ် ၁၈၇ သည် ၃၅ နှစ်အရွယ် အမျိုးသားများဖြစ်ကြသည်။

မေလ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19 ) ကူးစက်ခံထားရသူ ကရင်ပြည်နယ်မှ ၂ ဦးအပါအဝင် ၁၈၇ ဦးရှိသည့်အနက် ၆ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...