ယခုနှစ် ဒူးရင်းသီးအထွက်နည်းဟု ပြည်နယ်တွင်း ဒူးရင်းစိုက်တောင်သူများပြော

ယခုနှစ် ဒူးရင်းသီးအထွက်နည်းဟု ပြည်နယ်တွင်း ဒူးရင်းစိုက်တောင်သူများပြော

နန်းဝေဖြိုးဇာ — နေအပူချိန်ပူပြင်းပြီး ဒူးရင်းသီးမအောင်သည့်အခြေအနေများဖြစ်ပေါ်နေသည့်အတွက် ယခုနှစ် ကရင်ပြည်နယ်တွင်း ဒေသထွက် သဘာဝဒူးရင်းသီးအထွက်နှုန်းမှာ လျော့နည်းနေကြောင်း ပြည်နယ်တွင်း ဒူးရင်းစိုက်တောင်သူများက ပြောဆိုနေကြသည်။

ကရင်ပြည်နယ်ရှိ သဘာဝ(အော်ဂဲနစ်)စိုက်ပျိုးသည့် ဒူးရင်းသီးခြံအများစုမှာ ဒူးရင်းသီးနုချိန်အသီး ကြွေကျခြင်း၊ အသီးသီးနေချိန် ပိုးကျပြီး အပင်သေဆုံးမှုများဖြစ်ပေါ်နေသည့်အတွက် ယခင်နှစ်များထက် အသီးအထွက် နည်းသွား သည်ဖြစ်ကြောင်း ဒူးရင်းစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့နယ်ရှိ  ဒူးရင်း ခြံပိုင်ရှင်တစ်ဦးဖြစ်သည့် စောထိုက်က“  ဒူးရင်းသီးအပင်သေတာများတော့ အသီးက သိပ်မ ရှိဘူးလေ။ အလုံးကြီးတွေလည်း သိပ်မရှိဘူး။ ဒီနှစ်က ဒူးရင်းသီး အသီးတော်တော်နည်းတာ ခုဆိုရင် အရင်က တစ်ရက် တစ်ခေါက် အပင်ကြွေသီးကို ရောင်းရတယ်။ ဒီနှစ်က အသီးနည်းတော့ နှစ်ရက်တစ်ခါပဲ ရောင်းနိုင်တော့တယ်  ” ဟု ကေအိုင်စီသို့ ပြောသည်။

မေလတွင် ကရင်ပြည်နယ်အတွင်းရှိ သဘာဝနည်းအတိုင်းစိုက်ပျိုးသည့် ဒူးရင်းသီးများမှာ ပထမအသုတ် စတင်ရင့် မှည့်နေချိန်ဖြစ်ပြီး ဒူးရင်းသီးဈေးနှှုန်းကောင်းမွန်သော်လည်း ယခုနှစ်ထွက်နှှုန်းနည်းသည့်အတွက် ဒူးရင်းစိုက် တောင်သူများအနေဖြင့် အခက်တွေ့နေရကြောင်းလည်း ၎င်းက ဆိုသည်။

ကရင်ပြည်နယ်အတွင်းထွက်ရှိသည့် ဒူးရင်းသီးများထဲမှ အပင်အမှည့်ကြွေသည့် အသီးသည်ဈေးအကောင်းဆုံးဖြစ်သော ကြောင့် တောင်သူအများစုမှာ ပင်ကြွေအသီးကို ဦးစားပေးရောင်းချပြီး ဒူးရင်းသီးထွက်နှုန်းနည်းပါးနေသည့် ယခုနှစ်အ တွက် အချို့မှာ အသီးကြွေသည့်အထိကို မစောင့်တော့ဘဲ အသီးရင့်ကိုသာ ခူးဆွတ်ရောင်းချကြရသည်ဟု သိရသည်။

ယခင်နှစ်က  တစ်ရက်လျှင်အလုံး ၅၀ အထိ အပင်ကြွေသီး ရောင်းရသည့်ခြံမှာ ယခုနှစ် တစ်ရက်လျှင် ပျမ်းမျှအလုံး ၁၀ ကျော်သာထွက်ရှိသည့်အတွက် ဒူးရင်းသီးဈေးကွက်ကောင်းနေသော်လည်း ဈေးကွက်ပြည့်မှီအောင် ဖြန့်ချိရောင်း ချပေးနိုင်သည့် အခြေအနေမရှိကြောင်းလည်း ခြံရှင်များ၏ ပြောပြချက်များအရ သိရသည်။

လက်ရှိ ဒူးရင်းသီးဈေးကွက်တွင် အပင်ကြွေသီးနှင့် အုံ့မှည့်အသီးဟူ၍ အမျိုးအစားသတ်မှတ် သတ်မှတ်ရောင်းချကြပြီး အပင်ကြွေသီး အလုံးကြီးတစ်လုံးလျှင် ပင်ရင်းဈေးနှှုန်း ငါးထောင်ကျပ် အထက်ရှိနေကာ တစ်ဆင့်ပြန်လည် ရောင်းဈေး အနေဖြင့် ရှစ်ထောင်ကျပ်အထိ ကာလပေါက်ဈေးရှိသည်ဟုလည်း ဒူးရင်းသီးရောင်းဝယ်သူတစ်ဦးဖြစ်သည့် နန်းခင်သန်းက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ ဒီနှစ်က ခရီးသွားဧည့်သည်တွေသိပ်မရှိဘူး။ ဒါပေမယ့် ဒူးရင်းသီးနည်းတော့ ရောင်းရတာပဲ ။ အချို့က တစ်ဆင့် ခံဝယ်ပြီး အွန်လိုင်းတွေမှာပြန်ရောင်းတယ် ။ ပူပေမယ့်လည်း တော်တော်များများ ဝယ်စားတာပဲ။ ဒူးရင်းသီးဈေးနှှုန်းက မကျလောက်ဘူး ဈေးနှှုန်းရှိတယ် ”ဟု ကေအိုင်စီသို့ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ် ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နှင့် သံတောင်ကြီး မြို့နယ်များမှာ ဒူးရင်းသီး အထွက် များဆုံးထွက်ရှိရာနေရာများဖြစ်ခဲ့သော်လည်း ယခုနှစ် ဒူးရင်းသီးအထွက်နှှုန်းအဆမတန်လျော့နည်းမှုများအပြင် ဒူးရင်း ပင်သေဆုံးမှုများလည်း ယခင်နှစ်များထက် အရေအတွက်ပိုများလာကြောင်း ခြံပိုင်ရှင်များ၏ ပြောပြချက်များအရ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...