ကပ်တဲလ်ရွာကို Lock Down ဖြုတ်ပေးပြီ

ကပ်တဲလ်ရွာကို Lock Down ဖြုတ်ပေးပြီ

Salai Khup Khup — ၅၁ ရက်ကြာlock down ထားသည့် တီးတိန်မြို့နယ်၊ကပ်တဲလ်ကျေးရွာကို ယနေ့မနက် (၄)နာရီ အချိန်မှ စပြီး Lock Down ဖြုတ်ပေး လိုက်ပြီ ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကပ်တဲလ်ရွာကို ပြည်ထောင်စု ကနေပြီးတော့ ဒီနေ့မနက် လေးနာရီကနေစပြီး Lock down ဖြေပေးလိုက်ပြီ lock down မဖြုတ်ရင် တောင်ယာ သွားလို့မရဘူး လယ်တွေ သွားလို့ မရလို့အလုပ်လုပ်လို့ မရဘူးဆိုတော့ ပြည်နယ်အစိုးရကနေပြီး ပြည်ထောင်စုကို တင်ပြတယ် ပြည်ထောင်စုကနေ ကျန်းမာရေးရုံး ဝန်ကြီးဌာန သဘောထား တောင်းပြီးတော့ lock down ဖြုတ်ပေးလိုက်ပြီဖြစ်တယ်”ဟု ပြောသည်။

Case-1 လူနာတွေ့ရှိခဲ့သည့် ကပ်တဲလ်ကျေးရွာကို ဒီမနက် Lock down ဖြုတ်ပေး လိုက်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ အကန့်သက်များရှိကြောင်း ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး Do Za Tuang ကပြောသည်။

ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး Do Za Tuang က “ကျတော်တို့ ရွာက တောင်ယာ လုပ်ငန်းနဲ့ အသက်မွေးတယ် ဆိုတော့ အခုလို lock down ဖြုတ်ပေးလိုက်တာ ဝမ်းသာကြတယ် ဒါပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနဖက်က ညွှန်ကြားချက် ဘယ်လိုလာမလဲဆိုတာ စောင့်နေတယ်”ဟုပြောသည်။

လက်ရှိချိန်ထိ Covid-19 ဗိုင်းရပ်စ် ကူးဆက်မှုမှာ တစ်ကမ္ဘာလုံး ဖြစ်ပွားနေသည့် အတွက် ကပ်တဲလ်ကျေးရွာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု အရ မေ ၁၅ ရက်မှ ၃၁ ရက်နေ့ထိ Quarentine လုပ်ရန် ထုတ်ပြန်လိုက်ကြောင်း စည်ပင်ဝန်ကြီးကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “နိုင်ငံတော်ကချပေးလိုက်တဲ့ ဂိုက်လိုင်းအရတော့ တစ်နိုင်ငံလုံးတော့ ဒီလိုဆက်လက် လိုက်နာရမယ် Lock down ကိုတော့ ဖြုတ်လိုက်ပြီ ဒါပေမဲ့ Covid-19 သက်မှတ်ချက်ကာလက အရ အိမ်မှာ နေကြဖို့ လူစုလူဝေးမလုပ်ကြဖို့ ပန်ကြားရမှာဘဲ”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူူအဖြစ် တွေ့ရှိခဲ့သည့် ကပ်တဲလ်ကျေးရွာတွင် နေထိုင်ခဲ့သည့် case-1 လူနာကို စစ်ဆေးချက်များ ထပ်မံပြုလုပ်ခဲ့ရာ ရောဂါပိုးမတွေ့ရှိခြင်းကြောင့် ဧပြီလ ၃၀ ရက်နေ့ ကတည်းက တီးတိန် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...