COVID-19 ဂယက်ကြောင့် အိန္ဒိယရောက် ချင်းဒုက္ခသည်များ အိမ်လခပေးရန် အခက်ကြုံနေကြဟုဆို

COVID-19 ဂယက်ကြောင့် အိန္ဒိယရောက် ချင်းဒုက္ခသည်များ အိမ်လခပေးရန် အခက်ကြုံနေကြဟုဆို

ရစ်ချက် — အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နေထိုင်ကြသည့် ချင်းဒုက္ခသည်အများစုသည် COVID-19 ဂယက်ကြောင့် စားနပ်ရိက္ခာအတွက်သာမက အိမ်လခပေးရန်လည်း အခက်ကြုံတွေ့နေကြသည်ဟု Chin Refugee Committee (CRC) ဥက္ကဌ Za Cung Lian က ပြောသည်။

“ချင်းဒုက္ခသည်တွေရဲ့ အိမ်လခကိစ္စကို ကော်မီတီအနေနဲ့ စဉ်းစားပေးဖို့ အတော်လေးအခက်တွေ့တယ်။ အိန္ဒိယ အစိုးရလည်း ဒီ ကိုဗစ်-၁၉ ကာလမှာ အိမ်လခလွှတ်ပေးဖို့ ပြောထားတာလည်းမရှိဘူး။ အိမ်ရှင်တွေဘက်လည်း အိမ်လစာတောင်းတာတွေ များလာပြီ၊ အိမ်လစာ ၁ လစာတောင် ပေးဖို့ အရင်က ခက်ခဲတဲ့ကြားထဲက အခု အိမ်လစာက နှစ်လစာ သုံးလစာပေးဖို့ဆိုတာ အရမ်းခက်ခဲတယ်။ အဲဒါကြောင့် ကျနော်တို့လည်း တအားကို စိုးရိမ်တယ်” လို့ Za Cung Lian က ပြောသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ချင်းဒုက္ခသည် စုစုပေါင်း ၃၀၀၀ ကျော်ခန့်ရှိပြီး အိမ်ငှါးဖြင့် နေထိုင်လျက်ရှိကြသည်။ နယူးဒေလီမြို့တွင် အိမ်ငှါးခသည် တစ်လျှင် ရူပီး (၇၀၀၀) မှ (၁၀၀၀၀) ခန့်ရှိသည်ဟု သိရသည်။

COVID-19 ကြောင့် အိန္ဒိယတစ်နိုင်ငံလုံး Lockdown ချထားသည့်အတွက် အပြင်ထွက်အလုပ်လုပ်၍မရတော့သည့် အတွက် ဝင်ငွေများပြတ်လပ်ကာ စားသောက်ရေးသာမက အိမ်လခပေးရန်အခက်ကြုံနေကြရခြင်းဖြစ်သည်။

Za Cung Lian က “ဒီကိစ္စပြဿကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးပြီးတော့၊ ခု နိုင်ငံခြားက ကူညီထောက်ပံ့လာတဲ့ဟာတွေကိုလည်း အိမ်ရှင်တွေမောင်းထုတ်မှုများရှိလာရင် ဘယ်လိုကူညီကြမလဲ ဆိုတာတွေ လည်း ဆွေးနွေးတယ်။ လောလောဆယ်တော့ ဆွေးနွေးတာဘဲရှိသေးတယ်။ တတ်နိုင်တာတော့ အရမ်းနည်းတယ် ဆွေးနွေးတဲ့အဆင့်ဘဲရှိသေးတယ်။ ဒီကိစ္စကို ကျနော်တို့ ပိုပြီးတော့ စဉ်းစားသင့်တယ်” ဟုပြောသည်။

ယခုလက်ရှိတွင် အိန္ဒိယရောက် ချင်းဒုက္ခသည်များကို UN က စားနပ်ရိက္ခာ ဒုတိယအကြိမ် ထောက်ပံ့မှုစနေပြီဟုသိရပြီး မိသားစု တစ်စုကို ဆန်တစ်အိတ် နှင့် ဆီတစ်ထုတ်စီ ပေးဝေနေကြောင်း သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...