ကချင်ပြည်နယ်မှ လူနာအမှတ်စဉ် ၁၄၄ ဆေးရုံဆင်းခွင့်ရ

ကချင်ပြည်နယ်မှ လူနာအမှတ်စဉ် ၁၄၄ ဆေးရုံဆင်းခွင့်ရ

ကချင်ပြည်နယ်၏ ပထမဆုံး ပိုးတွေ့လူနာ အမှတ်စဉ် ၁၄၄ သည် ၂ ကြိမ်စစ်ဆေးပြီးနောက် ပိုးမတွေ့ရတော့သဖြင့် ယနေ့မေလ ၁၁ရက်နေ့တွင် ဆေးရုံးဆင်းခွင့်ပေးလိုက်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်ထံမှ သိရသည်။

“ဒီနေ့မနက် ၉နာရီခွဲ လောက်မှာဆေးရုံကနေ ဆင်းသွားပါပြီ။ သူကဆေးရုံမှာ ၂ပတ်နေပြီးတော့ နှာခေါင်းတို့ပတ် နမူနာယူပြီးတော့ ရောဂါရှိမရှိပြန်စစ်တာ ၂ကြိမ်စလုံးရောဂါပိုးမတွေ့တော့တဲ့အတွက် ရောဂါပိုးကင်းစင်ကြောင်း သတ်မှတ်လိုက်ပြီ။ နောက်ပြီးတော့ ကျန်းမာရေးလည်းကောင်းနေတဲ့ချိန်ကျတော့ ဆေးရုံကဆင်းခွင့်ပြုလိုက်တယ်။ ဒါပေမယ့် Facility Quarantine မှာ ၂ပတ်ထပ်ပြီး ထားမှာဖြစ်ပါတယ်။ အဲမှာ ၂ပတ်ထားပြီးရင် Follow Up ပြန်ကြည့်မယ်။ ပြန်စမ်းသပ်မယ် စမ်းသပ်လို့ ကျန်းမာရေးအခြေနေကောင်းပြီဆိုမှ သူ့နေရပ်ဖြစ်တဲ့မိုးညှင်းကို ပြန်လွှတ်မှာဖြစ်တယ်။ မိုးညှင်းရောက်ရင်လည်း သူ့အိမ်မှာဘဲ Home Quarantine ကို ၇ရက် နေရမယ်။ တစ်ခါမိုးညှင်းဆေးရုံ သမားတော်ကြီးတွေနဲ့ ကျန်းမာရေးပြန်စစ်မယ်။ စစ်ဆေးလို့ ကောင်းမွန်တယ်ဆိုရင်တော့ အများပြည်သူတွေနည်းတူ ပုံမှန်တိုင်းနေလို့ရမှာဖြစ်ပါတယ်။” ဟု မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော် က ပြောသည်။

ဆေးရုံဆင်းခွင့်ရသော်လည်း သတ်မှတ်ထားသည့် သားဖွားသင်တန်းကျောင်းတွင် Facility Quarantine ခံယူရန်ပို့ဆောင်ထားပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဆေးစစ်ရာတွင် ပထမဆုံးအကြိမ်အဖြစ် မေလ(၅)ရက်နေ့၊ ဒုတိယအကြိမ်အဖြစ် မေလ (၈)ရက်နေ့တွင် စစ်ဆေးရာ ရောဂါပိုးမတွေ့တော့သည့်တွက် ဆေးရုံးမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

လူနာအမှတ်စဉ် ၁၄၄ သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင်းရှိ ချန်းရီဖိနပ်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ၎င်း၏နေရပ်ဖြစ်သည့် မိုးညှင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် သီးသန့်နေရာတွင် ကန့်သတ်ထားရှိစဉ် ဧပြီလ ၂၄ရက်တွင် ပိုးတွေ့ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယင်းလူနာအား မိုးညှင်းမြို့မှ မြစ်ကြီးနားဆေးရုံးကြီးသို့ ဧပြီလ၂၅ရက်နေ့တွင် လွှဲပြောင်းကုသပေးနေခဲ့ပြီး ၂ ပတ်အကြာ မေလ ၁၁ ရက်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...