ကန်ပိုင်တီ Quarantine များကို မြစ်ကြီးနားသို့ ပြောင်းရွေ့ရန်စီစဉ်နေ

ကန်ပိုင်တီ Quarantine များကို မြစ်ကြီးနားသို့ ပြောင်းရွေ့ရန်စီစဉ်နေ
ဓါတ်ပုံ- ကန်ပိုင်တီ တရုတ်နယ်စပ်ဂိတ်
ဓါတ်ပုံ- ကန်ပိုင်တီ တရုတ်နယ်စပ်ဂိတ်

တရုတ်နယ်စပ် ကန်ပိုက်တီနယ်စပ်တွင်ထားရှိသော Quarantine များကို မြစ်ကြီးနားသို့ ပြောင်းရွှေ့ရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း သိရသည်။

လက်ရှိ ကန်ပိုင်တီတွင် Quarantine များကို ထားရှိသောနေရာသည် မိုးရာသီဝင်လျှင်လေပြင်းမုန်တိုင်းဖြင့် မလုံခြုံတော့သဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့သို့ပြောင်းရွှေ့ရန် လိုအပ်ကြောင်း ကချင်ပြည်နယ် လူဝင်ကြီးကြပ်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဝန်ကြီးက ပြောသည်။

“Quarantine တွေကို ထားဖို့ ပြည်နယ်အစိုးရက လုပ်ပေးနိုင်တာက အဆောက်အဦးဘဲ လုပ်ပေးနိုင် တယ်။ အဆောက်အဦးဆိုပေမယ့်လည်း မိုးကာနဲ့ဘဲ အဖြစ်သဘော ဆောက်ထားပေးတယ်။ နောက် ပြည်တော်ပြန် အလုပ်သမားတွေအတွက် ကျန်မာရေးဆိုလည်း စိတ်ပူရတယ်။ ကန်ပိုက်တီဆိုရင်လည်း ကချင်ပြည်နယ်မှာ အခြားဒေသတွေနဲ့မတူဘဲ အလွန်အေးတဲ့ဒေသဖြစ်တယ်။ အခုဆိုမိုးရာသီချိန်ရောက်လာပြီ။ အကယ်၍များ မထင်မှတ်ဘဲ လေမုန်တိုင်းတွေ လာမယ်ဆိုရင် စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းနေထိုင်သင့်နေတယ်” ဟု သူကပြောသည်။

သို့သော်လည်း ယခုချိန်ထိ Quarantine များကို နေရာရွှေ့ပြောင်းရန် ညွန်ကြားမှု မရရှိသေးကြောင်း သူက ဆက်လက်ပြော ဆိုသည်။

လက်ရှိ ကန်ပိုက်တီတွင် ၂၁ရက် Quarantine ခံယူနေသည့် ပြည်တော်ပြန်အလုပ်သမား ၄၀၀ကျော်ရှိနေပြီး ထိုသူများကို မြစ်ကြီးနား သတ်မှတ်နေရာများသို့ ရွေ့ပြောင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

Quarantine ဝင်နေသူများကို ပြည်နယ်အစိုးရထောက်ပံ့ရန်အစီစဉ် မရှိသေး

ပြည်တော်ပြန် ၂၁ရက် Quarantine ဝင်နေသည့်သူများကို ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ကူညီထောက်ပံ့ရန် အစီအစဉ်မရှိသေးသောကြောင့်အလှူရှင်များဖြင့်သာ ဆက်လက်ရပ်တည်သွားရမည်ဟု သိရသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် Quarantine ဝင်နေသူများကို မိမိစရိတ်များဖြင့်သာ ဝင်ရမည်ဟု ပြည်ထောင်စုမှ ညွန်ကြားထားသဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရမှ ထောက်ပံ့ရန် အစီစဉ် မရှိဟု လဝက ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

“Quarantine ဝင်မည်သူများကို ကူညီထောက်ပံ့ကျွေးမွေးဖို့က မရှိသေးပါဘူး။ လောလောဆယ်တော့ အလှူရှင်တွေရဲ့အလှူငွေတွေနဲ့ဘဲ ကျွေးထားပါတယ်။ ကချင်ပြည်နယ်က Quarantine စင်တာ ကြည့်မယ်ဆိုရင် ၂၀၀ကျော်ရှိတယ်။ တကယ်လို့လူဦးရေအရကျွေးမယ်ဆိုရင် အင်မတန်မှ ဝန်ထုတ်ဝန်ပိုးဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ကြီးနားမြို့အတွင်းက စရင်းဆိုတောင်မှ လူဦးရေ ၂၅၀ကျော်ရှိနေတယ်။ အဲ့ဒါက မေလ၁၁ ကနေ မေလ ၃၁ရက်အထိ ကျွေးမယ့်အစီအစဉ်မှာကိုက ဆန်ထောက်ပံ့မယ်ဆိုရင် ၆၃အိပ်ဖြစ်တယ်။ ငွေဆိုရင် သိန်း ၁၁၀ကျော်ကုန်မယ်။ တကယ်လို့ငွေကြီးဘဲ ဆိုရင် ငွေပေါင်း သိန်း ၁၅၀ကျော်ကုန်မယ်။ အဲ့ကြောင့် ကချင်ပြည်နယ်အတိုင်းအတာနဲ့ ပေးရမယ်ဆိုရင် ဘယ်လိုမှ မတတ်နိုင်ဘူး။ ပြီးရင် တိုင်းနဲ့ပြည်နယ် ၁၄ခုလုံးမှာလည်း ပြည်ထောင်စုကနေ ညွန်ကြားထားတယ်။ Quarantine ဝင်မယ့်သူတွေဟာ မိမိစရိတ်နဲ့ဘဲ ဝင်ရမယ်လို့ ညွန်ကြားထားတယ် ဖြစ်တယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ပြည်တော်ပြန် Quarantine ၄၀၀၀ကျော်ရှိနေပြီး လူဦးရေအလွန်များပြာသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် တာဝန်မယူနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း Quarantine စင်တာ ၂၆၀ခန့်ရှိနေပြီး တရုတ်ပြည် လွယ်ဂျယ်ဂိတ်နှင့် ကန်ပိုက်တည် ဘက်မှ ပြန်လာသည့် ကချင်ပြည်နယ်ပြည်တွင်းနှင့် ပြည်ပ စုစုပေါင်း ၅၃၄၆ ဦး ရှိနေပြီဟု ပြည်နယ်အစိုးရထံမှ သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...