ပြည်နယ်လွှတ်တော်အစည်းအဝေးအတွက် ကိုယ်စားလှယ်များ Quarantine ဝင်ရမည်

ပြည်နယ်လွှတ်တော်အစည်းအဝေးအတွက် ကိုယ်စားလှယ်များ Quarantine ဝင်ရမည်
 ဓါတ်ပုံ- Kachin State Parliament
ဓါတ်ပုံ- Kachin State Parliament

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၁၀ရက်မှ ၁၇ ရက်ထိ Quarantine ဝင်ရမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်ထံမှ သိရသည်။

“၁၈ မြို့နယ်က လာကြတဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့တွက် အဝေးကလာကြတဲ့သူတွေမို့ သူတို့မှာရောဂါအခြေနေ ဘယ်လိုရှိလဲဆိုတာ ကျနော်တို့ဘာမှမသိပါဘူး။ အဲကြောင့် ကျနော်တို့အနေနဲ့အားလုံးတွက် အကာကွယ်ဖြစ်မယ်လို့ ယူဆတဲ့tတွက် လုပ်ပေးတာဖြစ်ပါတယ်။ ဒီတစ်ခုထဲမဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်၊အမျိုးသားလွှတ်တော်တွေမှာလည်း လွှတ်တော်ကို ၁၈ရက်နေ့လုပ်မယ် သူတို့ကို ၁၀ရက်နေ့ခေါ်ပြီးတော့ Qလုပ်မယ်လို့သိရပါတယ်။ အဲတိုင်းဘဲပြည်နယ်လွှတ်တော်မှာလည်းလုပ်တာဖြစ်ပါတယ်။” ဟု ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်က ပြောသည်။

အဆိုပါ (၁၉) ကြိမ်မြောက်လွှတ်တော်အစည်းဝေးတွင် ၂၀၂၀-၂၀၂၁ အတွက် ဘတ်ဂျတ်အတည်ပြုဆွေးနွေးမည်ဖြစ်ပြီး ယခင်ပုံမှန်အစည်းဝေးကဲ့သို့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကို မေးခွန်းမေးမြန်းခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

“အဓိကတော့ ဘတ်ဂျတ်ကိစ္စအဓိကသွားရမှာဖြစ်တဲ့တွက် မလုပ်မဖြစ်လို့ လုပ်ရတာဖြစ်တယ်။ မေးခွန်းတွေကိုကျတော့ နောက်လွှတ်တော်မှ ဦးစားပေးလုပ်မယ်။ ဒီလွှတ်တော်မှာကျတော့ ကန့်သတ်ချက်နဲ့အချို့ရွေးချယ်ထားတဲ့ မေးခွန်းတွေဘဲမေးခိုင်းမှာဖြစ်ပါတယ်။” ဟု ဦးထွန်းတင်က ပြောသည်။

နယ်မှရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များတွက် Qကာလတွင်း အစားအသောက်များအား လွှတ်တော်ရုံးမှ စီစဉ်ပေးမည်ဖြစ်ပြီး Q နေရာသည် လွှတ်တော်ရိပ်သာတွင် ဖြစ်ကြောင်း သိရသည်။

“အန်တီတို့ နယ်ဝေးကလူတွေဆို ၉ရက်နေ့အရောက်လာရမယ်လို့ သိရပါတယ်။ ခုလတ်တလောအခြေနေမှာတော့ Covid-19 ဖြစ်နေပေမယ့်လည်း ဘတ်ဂျတ်ကိစ္စကအရေးကြီးတာဖြစ်တဲ့တွက် လွှတ်တော်ကနေ ဘတ်ဂျတ်အတည်မပြုပေးဘူးဆိုရင် ကချင်ပြည်နယ်ရဲ့လည်ပတ်နေတဲ့အုပ်ချုပ်မှု ယန္တရားက ရပ်ဆိုင်းသွားမယ်။” ဟု ကချင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစစ်ကော်မတီဝင် ဆော့လော်မြိ့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ပြောသည်။လွှတ်တော်ကို အများဆုံး ၃ရက်သာ ကျင်းပမည်ဟု သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...