အိန္ဒိယရောက် ကျမ်းစာကျောင်းသားများ မြန်မာနိုင်ငံပြန်ပို့နိုင်ရေး မီဇိုရမ်အစိုးရ ကူညီမည်

အိန္ဒိယရောက် ကျမ်းစာကျောင်းသားများ မြန်မာနိုင်ငံပြန်ပို့နိုင်ရေး မီဇိုရမ်အစိုးရ ကူညီမည်

ရစ်ချက် — အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ရောက်ပြီး COVID-19 ကယက် Lockdown ကြောင့် သောင်တင်နေကြသည့် မြန်မာနိုင်ငံမှ ခရစ်ယာန်ဓမ္မကျမ်းစာကျောင်းသားများ နေရပ်ပြန်နိုင်ရေးကို မီဇိုရမ်ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ပေးမည်ဟု သိရသည်။

ယခုလက်ရှိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ဂိုဟာတီးမြို့တွင် ချင်းလူမျိူး ကျမ်းစာကျောင်းသား (၃၁) ဦးတို့သည် Facility Quarantine အဖြစ် တစ်လ ခန့်သောင်တင်နေကြပြီဖြစ်၍ ၎င်းတို့၏နေရပ်ပြန်နိုင်ရေးကိစ္စကို ကူညီဆောင်ရွက်ပေးရန် မီဇိုရမ်အစိုးရအဖွဲ့ထံသို့ Chin Pawlpi Mizoram အဖွဲ့က တင်ပြခဲ့သည်ဟု သိရသည်။

Chin Pawlpi Mizoram ဒုဥက္ကဌ Pu Van Neih Cem က “ အခု သောင်တင်နေတဲ့သူတွေက အိန္ဒိယနိုင်ငံမှာ ဓမ္မပညာ ဆည်းပူးနေကြတဲ့ ကျမ်းစာကျောင်းသားတွေဖြစ်တယ်၊ သောင်တင်နေကြတာ တစ်လကျော်နေပြီဖြစ်တယ်။ Gauhati မှာ ၁၅ ဦး၊ မီဇိုရမ်မှာ ၁၆ ဦး စုစုပေါင်း ၃၁ ဦးရှိတယ်၊ မြန်မာနိုင်ငံကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရောက်လာရင်တော့ အဆင်ပြေသွားမှာပါ မီဇိုရမ်ပြည်နယ်အစိုးရကလည်း ကူညီပေးမယ်လို့ပြောထားပါတယ် ” ဟု ပြောသည်။

မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် အဆိုပါ ကျမ်းစာကျောင်းသား ၃၁ ဦးတို့၏ နေရပ်ပြန်နိုင်ရေးကိစ္စကိုသာ စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင်ရောက်ရှိနေကြသည့် အခြားသောမြန်မာနိုင်ငံသားများအနေဖြင့် နေရပ်ကိုပြန်ချင်ပါ က မိမိတို့နေထိုင်သည့် ရပ်ကွက် Local Task Force များ၏ ထောက်ခံစာဖြင့် ကိုယ့်အစီစဉ်နှင့်ကိုယ် နယ်စပ်သို့ပြန်သွားနိုင်သည် ဟု မီဇိုရမ်ဝန်ကြီးချူပ်ကပြောဆိုကြောင်း Pu Van Neih Cem ကပြောသည်။

“ဒီမှာက ပြန်ချင်တဲ့ ချင်းလူမျိုး တွေတော့ အတော်များတယ်။ မြန်မာနိုင်ငံဘက်ကတော့ နယ်စပ်အထိ ရောက်လာနိုင်တယ်ဆိုရင် ချင်းပြည်နယ် အစိုးရက အစစအရာရာ ကူညီဆောင်ရွက်ပေးမယ်လို့တော့ ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga နဲ့သွားတွေ့ပြီး Pu Zoramthanga က ချင်းလူမျိုးအားလုံးကိုတော့ အစိုးရအစီစဉ်ပို့ဖို့မဖြစ်နိုင်ဘူး၊ ဒါပေမယ့် မိမိနေထိုင်တဲ့ရပ်ကွက် Local Task Force ထောက်ခံစာယူပြီး မိမိဖာသာ နယ်စပ်ကို ပြန်နိုင်တယ်ဆိုရင်တော့ မိမိသဘောဖြစ်တယ်။ အဲလို ပြန်နိုင်တဲ့သူများကို နယ်စပ်ရောက်ရင် နယ်စပ်လုံခြုံရေးတွေက ကူညီပေးသွားမယ်လို့ Pu Zoramthanga က ပြောတယ်’’ ဟု Pu Van Neih Cem က ပြောသည်။

အိန္ဒိယနိုင်ငံတွင်သောင်တင်နေကြပြီး မြန်မာနိုင်ငံသို့ ပြန်လာချင်ကြသည့် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရေးကိစ္စကို နယ်စပ်တွင် ကူညီဆောင်ရွက်ပေးရန် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) က ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချူပ်ကို မေလ (၂) ရက်နေ့က စာရေးသားတောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုချက်တွင် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာချင်ကြရာ၊ မီဇိုရမ်ပြည်နယ်အစိုးရကလည်း မြန်မာနိုင်ငံနယ်စပ်ဂိတ်အထိ ကူညီပို့ဆောင်ရန် အဆင်သင့်ရှိနေ ကြောင်း ယင်းကဲ့သို့ မြန်မာနိုင်ငံကိုပြန်လာကြမည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်များမှ လက်ခံကြိုဆိုနိုင်ရန်၊ အသွားအလာကန့်သတ်မှုများပြုလုပ်ခြင်း (Facility Quarantine) ပြုလုပ်နိုင်ရန်နှင့် လိုအပ်သောအကူအညီ၊ အထောက်အပံ့များ၊ အမြန်ဆုံးဆောင်ရွက်စီစဉ်ပေးပါရန်ဟု ပါရှိသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...