Covid-19 လူနာအမှတ် (၁၅၀) နှင့် ထိတွေ့ခဲ့သူ (၅၀) ကျော်၏ ဓာတ်ခွဲအဖြေ Negative ပြ

Covid-19 လူနာအမှတ် (၁၅၀) နှင့် ထိတွေ့ခဲ့သူ (၅၀) ကျော်၏ ဓာတ်ခွဲအဖြေ Negative ပြ

လားနွန် — ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် ကိုရိုနာဗိုင်းရပ်စ် Covid-19 လူနာအမှတ် ၁၅၀ နှင့် ထိတွေ့မှုရှိခဲ့သူ အယောက် ၅၀ ကျော်၏ ဓာတ်ခွဲအဖြေအားလုံးသည် Negative ဖြစ်သည်ဟု သိရသည်။

လူနာအမှတ် ၁၅၀ နှင့် ဆက်စပ်မှုရှိခဲ့သူ ၅၂ ဦးနှင့် Facility Quarantine ဝင်ပြီးသား (၄) ဦးတို့၏ သွေးနမူနာများကို အမျိူးသားကျန်မာရေးဓာတ်ခွဲခန်း(ရန်ကုန်)သို့ ပို့ဆောင်စစ်ဆေးရာတွင် မေလ ၄ ရက် နံနက်ပိုင်းက Negative ဖြစ်ကြောင်း သိရှိရသည်ဟု ဟားခါးမြို့ပြည်သူ့ဆေးရုံအုပ် Dr. Mang Biak Kung ကပြောသည်။

“ဒီမနက် ၇ နာရီမှာထုတ်ပြန်တာသူတို့က၊ လူနာအမှတ် (၁၅၀) နဲ့ထိတွေ့တဲ့သူတွေက ၅၂ ယောက်ပဲရှိမှာ ၄ ဦးကတော့တခြားလူတွေနဲ့ ပေါင်းစစ်ဆေးလိုက်တာ၊ အားလုံး Negative ဖြစ်ပါတယ်’’ ဟု Dr. Mang Biak Kung ကပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် လက်ရှိအချိန်ထိ Facility Quarantine ဝင်သူ စုစုပေါင်း (၁၃၀) နီးပါးရှိနေပြီဖြစ်ကာ လူနာအမှတ် ၁၅၀ ၏ ကျန်းမာရေးအခြေအနေမှာလည်းကောင်းမွန်ကြောင်း ဒေါက်တာကဆက်ပြောသည်။

ယခုလက်ရှိ ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပိုးတွေ့လူနာ တီးတိန်တွင် (၄) ဦး ဟားခါးတွင် (၁) ဦး စုစုပေါင်း (၅) ဦးရှိသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး Covid-19 ပိုးတွေ့ရှိသည့် တီးတိန်မြို့ လူနာအမှတ် (၁) သည် နှစ်ကြိမ်ဆက်တိုက် Negative ပြပြီးနောက် ကျန်းမာရေးကောင်းမွန်နေသည့်အတွက် ဧပြီလ (၃၀) ရက်နေ့က ဆေးရုံမှ ဆင်းသွားပြီးဖြစ်ကာ Home Quarantine အဖြစ် (၁၄) ရက်စောင့်ကြည့်နေဆဲဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...