ရွှေမျှောများကြောင့် တိမ်ကောနေသည့် ခေါင်းတုံးချောင်းပြန်လည်တူးဖော်ခြင်း စတင်ဆောင်ရွက်နေ

ရွှေမျှောများကြောင့် တိမ်ကောနေသည့် ခေါင်းတုံးချောင်းပြန်လည်တူးဖော်ခြင်း စတင်ဆောင်ရွက်နေ
Photo - Paw Thin (မိုင်းနောင်)
Photo - Paw Thin (မိုင်းနောင်)

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့် ခေါင်းတုံးချောင်းသည် ရွှေမျှောများကြောင့် တိမ်ကောခဲ့ရပြီးနောက် ပြန်လည်တူးဖော်မှုများကို စတင်ဆောင်ရွက်နေကြောင်းသိရသည်။

“ ဘာကြောင့်ကောလဲဆိုတော့ ရွှေလုပ်မှုနဲ့ပတ်သက်ပြီးတော့ပေါ့လေ အဲ့တာကြောင့် တိမ်ကောခြင်းဖြစ်တယ်။ “ဟု မမုန်ကိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ရှမ်းနီအသံကိုပြောသည်။

အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာအုပ်စုတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက မိရိုးဖလာရွှေတူးဖော်မှုများလုပ်ကိုင်ခဲ့ကြသည်။

သက္ကရာဇ် ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှ စတင်ပြီး ရွှေတူးဖော်မှုများကို စက်ယန္တရားကြီးများဖြင့် တူးဖော်ခဲ့မှုကြောင့် ခေါင်းတုံးချောင်းတိမ်ကောခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

‘ရွှေလုပ်ငန်း တွေလည်းပြောင်းကြ၊ နားကြ။ ရပ်ကြဖို့လိုပါပြီ။ ဘယ်အချိန်ရောက်မှငါတို့ ထိန်းသိမ်းရေး

သမားတွေရဲ့ စကားကိုလက်ခံကြမည်နည်း။အသုံးပြုလိုက်တာက နည်းနည်းလေးအသုံးပြုခြင်းခံလိုက်ရတာက

အများကြီးပါဗျာ၊နားလည်၊လက်ခံကြပါတော့ဗျာ။” ဟု မမုန်ကိုင်ဒေသခံ ကိုနေမျိုးထွန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တိမ်ကောနေသည့် ချောင်းကိုပြန်လည်တူးဖော်ရန်အတွက် ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် တူးဖော်ခြင်းဖြစ်သည်ဟု ၎င်းအုပ်ချုပ်ရေးမှူးက ဆိုသည်။

“ ကျွန်တော်တို့ပြည်နယ် ညွှန်မှူးဦးစောယု လာစစ်ဆေးတဲ့အခါမှာ အိမ်ထဲမှာ ဘတ်ဟိုးသိမ်းထားတဲ့ဟာ မိတယ်။ မိတဲ့ (၁၂) စီးနဲ့  ပြည်နယ်အစိုးရကနေပြီး ညွှန်ကြားချက်အရ သူတို့တွေကို ပြန်ဖော်ထုတ်ခိုင်းတာ” ဟု မမုန်ကိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ရှမ်းနီအသံကိုပြောသည်။

လက်ရှိတူးဖော်နေမှုသည် မိုင်းနောင် ကျောက်ဆင်ရုပ်မှ အင်းတော်ကြီးကန် ထိ အရှည် ၄ မိုင် နှင့် အကျယ် ပေ ၈ဝ နှင့် အနက် (၇) ပေ ကို မေလ (၂) ရက်နေ့မှ စတင်တူးဖော်လျက်ရှိနေသည်။

ထိုချောင်းကို ၂၀၁၇ ခုနှစ်က တောင်သူလယ်သမားများ၏ တောင်းဆိုမှုအရ ရွှေတူးဖော်နေသူများက တစ်ကြိမ်တူးဖော်ပေးခဲ့ကြောင်းသိရသည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...