ကုလားတန်မြစ်ကူးတံတား ၉၀ ရာခိုင်နှုန်းပြီးစီး၊ နယ်မြေမအေးချမ်း၍ သွားလာမရသေး

ကုလားတန်မြစ်ကူးတံတား ၉၀ ရာခိုင်နှုန်းပြီးစီး၊ နယ်မြေမအေးချမ်း၍ သွားလာမရသေး

Shing Mang — ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်ကူးတံတား တည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သော်လည်း နယ်မြေ မအေးချမ်းမှုကြောင့် ယာဉ်များ သွားလာရန် ခက်ခဲသေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

"ကားသွားလို့ ရပြီ၊ အချောသတ်ဖို့ နည်းနည်းပါးပါး လိုတာပေါ့၊ ပလက်ဝကနေ တံတားက ၄မိုင်ခွဲ ရှိသေးတယ်၊ ကားလမ်းက အောက်ခြေကနေ သွားတယ်၊ တောင်ကျောပေါ်မှာ လက်ရှိ အေအေတွေက လှုပ်ရှားနေတယ် ၊လုံခြုံမှု မရှိသေးဘူးပေါ့၊ အဲဒါကြောင့် တော်ရုံတန်ရုံ သွားလို့မရဘူး ဖြစ်နေတယ်"ဟု ဦးစိုးထက်က ပြောသည်။

ယင်းတံတားသည် ချင်းပြည်နယ်အတွင်း အရှည်လျားဆုံး တံတားဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့သည်။ အရှည် ၁၉၄၂ပေ၊ ယာဉ်သွားလမ်း ၂၄ပေ ၇ လက်မ ရှိပြီး လူသွားလမ်း တစ်ဖက် ၃ပေ စီ ကျယ်ဝန်းသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...