အော်ရီဒူးဖုန်းတိုင် တည်ဆောက်မည့်နေရာ ကန့်ကွက်ကြောင်း အစိုးရထံ တင်ပြ

အော်ရီဒူးဖုန်းတိုင် တည်ဆောက်မည့်နေရာ ကန့်ကွက်ကြောင်း အစိုးရထံ တင်ပြ
by -
ကန္တာရဝတီတိုင်း(မ်)
အော်ရီဒူးဖုန်းတိုင် တည်ဆောက်မည့်နေရာ ကန့်ကွက် (ဓါတ်ပုံ-ကေတီ)
အော်ရီဒူးဖုန်းတိုင် တည်ဆောက်မည့်နေရာ ကန့်ကွက် (ဓါတ်ပုံ-ကေတီ)
လွိုင်ကော်မြို့မင်္ဂလာရပ်ကွက်ရှိ အာဇာနည် ကျောက်တိုင်ကွင်းနှင့် တောင်ကွဲစေတီ ရှေ့တွင် အော်ရီဒူးဖုန်း ကုမ္ပဏီက တာဝါတိုင် စိုက်ထူးနေခြင်းကို ဒေသခံများ ကန့်ကွက်ကြောင်း မေ ၁၉ ရက်က ကန့်ကွက်သူ ၈၉ ဦး လတ်မှတ်ရေးထိုးထားသည့် စာကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများထံ တင်ပြခဲ့ကြသည်။

လွိုင်ကော်မြို့ခံ ဦးသက်တင်က “ကယားပြည်နယ်ရဲ့ အမွေနစ် တောင်ကွဲစေတီကြီး ကွယ်သွားမှာ တခုရယ် နောက်ပြီးတာဝါတိုင် အာဇာနည် ကျောက်တိုင်ကုန်းမြေ တဝက်ပါတာရယ်ကို ကန့်ကွက်ထားတာ” ဟု ပြောသည်။

တာဝါတိုင်မတည်ဆောက်မီက မင်္ဂလာရပ်ကွက်ရပ်ကျေးဥက္ကဋ္ဌ ရုံးတွင် အစည်းအဝေးခေါ်ပြီး မဲခွဲဆုံးဖြတ်ရာ ၉ မဲ ၃ မဲ ဖြင့် ကန့်ကွက်သူများက အနိုင်ရခဲ့သော်လည်း စည်ပင်သာယာရေး အမှုဆောင် ကိုယ်စားလှယ်က အိမ်နီးချင်းများ ထောက်ခံမှုကို ရယူပြီး တာဝါတိုင် စိုက်ထူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တာဝါတိုင်ကို တောင်ကွဲစေတီရှေ့တွင် စိုက်ထူခြင်းကို ကန့်ကွက်ပြီး ဆန္ဒပြတောင်းဆိုပါက လူထုကို ၀န်းရံမည်ဟု ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် ကပြောသည်။

“ကျနော်တို့က ကန့်ကွက်တယ်၊ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်ရင်လည်း ဝန်းရံပါဝင်သွားမယ်” ဟု သူက ပြောသည်။

ကန့်ကွက်မှုကြောင့် တာဝါတိုင် တည်ဆောက်မှုများကို ခေတ္တရပ်နားထားပြီး လက်ရှိ အောက်ခံ အုတ်မြစ်များ တူးဖော်ပြီးစီးနေပြီဟု ဆိုသည်။ ထိုကိစ္စအတွက် မြို့နယ်စည်ပင်သာယာကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...