လက်ဖက်တောင်သူများ ဈေးကွက် ပျောက်ဆုံးနေ

လက်ဖက်တောင်သူများ ဈေးကွက် ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်းဒေသကြီးတွင် Covid 19 ကြောင့် သွားလာမှုကန့်သတ်ထားပြီးနောက်ပိုင်း လက်ဖက်ဈေးကွက်လည်း ပျောက်ဆုံးသွားသည်ဟု လက်ဖက်စိုက်တောင်သူအများစုက ပြောကြားသည်။

“အခုက လမ်းပန်းဆက်သွယ်ရေးကအကုန်ပိတ်ထားတော့ လက်ဖက်လက်လုပ်လက်စားတွေကလည်းမရောင်းရ။ အခင်းပိုင်ရှင်တွေကလည်း မရောင်းရဆိုတဲ့ အခါကျတော့ တော်တော်လေးကျပ်တည်းသွားတယ်” ဟု မောင်းခမ်းကျေးရွာမှ လက်ဖက်ရောင်းဝယ်သူ မနန်းမြင့်က ရှမ်းနီအသံကိုပြောသည်။

ဟုမ္မလင်းမြို့ မောင်းခမ်းကျေးရွာတွင် လက်ဖက်စိုက်ခင်း ဧက တစ်ထောင်ကျော်ရှိပြီး လူဦးရေအများစု လက်ဖက်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

 ဟုမ္မလင်းထွက်လက်ဖက်များကို ခန္တီးမြို့၊ ဖောင်းပြင် ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းတွင်းမြစ်တစ်လျှောက်မြို့များနှင့် မုံရွာမြို့ ပွဲရုံများသို့ တင်ပို့သည်။

“ ဒီရောဂါကြောင့်တော့ သိပ်ပြီးပြောင်းလဲတာတော့မရှိဘူး။ ဒါပေမဲ့ မနှစ်ကလောက်မရဘူး။ မနှစ်ကထက် ငါးရာကျတယ်” ဟုလက်ဖက်စိုက်တောင်သူ ဦီးစံရှည်က ပြောကြားသည်။

ဈေးနှုန်းမှာ လက်ဖက်စို ကျပ် ၁ဝဝဝ၊ လက်ဖက်ခြောက် ကျပ် ၃၅ဝဝ မှ ၄ဝဝဝ ပေါက်ဈေးရှိသည်။

 “မနှစ်တုန်းက ဒီအချိန်ဟာ ၄၀၀၀ ဈေးမကျသေးဘူး။. အခုကြားဖောက်ဝယ်တဲ့သူတွေက ၃၀၀၀ ဈေးနဲ့ ဝယ်ကြတယ်” ဟု မနန်းမြင့်က ဆက်ပြောသည်။

ဟုမ္မလင်းမြို့တွင် မောင်းခမ်းကျေးရွာ ၊ ကောယားကျေးရွာနှင့် ခေါင်ခမ်းကျေးရွာတို့တွင် လက်ဖက်စိုက်ပျိုးရေး လုပ်ငန်း အဓိကထားလုပ်ကိုင်ကြသည်။ စိုက်ပျိုးသည့် ကျေးရွာပေါင်း ၃၃ ရွာ၊  စိုက်ပျိုးဧရိယာ ၈၈၉၄ ဧက ၊ တောင်သူ ၂ဝ၈၂ ဦး ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း ကုန်စည်လည်ပတ်စီးဆင်းရေး ကုန်တင်ယာဉ်များကို သွားလာခွင့်ပြုထားသော်လည်း အချို့သောကုန်စည်များရောင်းဝယ်မှုရပ်တန့်နေကြောင်း ဟုမ္မလင်းဒေသခံများထံမှသိရသည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...