ဝိုင်းမော်တွင် သဲကျောက်နှင့် ရွှေလုပ်သား တစ်ရက်လျှင် လူတစ်ထောင်ခန့် လုပ်ကိုင်နေ

ဝိုင်းမော်တွင် သဲကျောက်နှင့် ရွှေလုပ်သား တစ်ရက်လျှင် လူတစ်ထောင်ခန့် လုပ်ကိုင်နေ

Ah Je - ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု မခေါယန် ကျေးရွာတွင် သဲကျောက်နှင့် ရွှေလက်လုပ်လက်စား လုပ်ကိုင်သူ တစ်ရက်လျှင် တစ်ထောင်ခန့် ဝင်ရောက်လုပ်ကိုင်နေကြောင်း ရွှေ လက်လုပ်လက်စား လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။

အဆိုပါလုပ်ငန်းခွင်များကို ၁ ဧက လျှင် ကျပ်၁၂ သိန်းကျော် အခွန်ဆောင်စေပြီး လုပ်ကိုင်ခွင့်ပေးထားကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကပြောသည်။

”တစ်ဧကကို ၁၂ သိန်းခွဲ အခွန်ဆောင်ရတာ။၂ ဧကကို ၂၅ သိန်းလေ။ အခွန်တွေကကောက်ထားတော့ လိုင်စင်တွေက ချထားပေးတော့ နည်းနည်းပါးပါးတော့ သုံးလပိုင်း၊ လေးလပိုင်းပဲ လုပ်ရသေးတာဆိုတော့ ဒီလကုန်ပြီး ငါးရက်လောက်ဆို ပိတ်ပြီပေါ့နော်” ဟု ဦးထွန်းထွန်းက ဆိုသည်။

Covid-19 ရောဂါ ကူးစက်မှုမပြန့်ပွားစေရန်အတွက်  လူစုလူဝေးမပြုလုပ်ရန် နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသည်။

Most read this week

August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...