ဖားကန့်သို့ ဝင်လာသူများ Quarantine ၂၁ ရက် မိမိစရိတ်ဖြင့် မိမိ နေရမည်

ဖားကန့်သို့ ဝင်လာသူများ Quarantine ၂၁ ရက် မိမိစရိတ်ဖြင့် မိမိ နေရမည်

လူဦးရေထူထပ်သော ဖားကန့် ရတနာမြေသို့ ဧပြီ ၂၅ရက်နောက်ပိုင်း ဝင်ရောက်လာသော မည်သူမဆို သတ်မှတ်နေရာတွင် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှုအစီအစဉ် (Quarantine) ၂၁ရက်တာ  မိမိစရိတ်ဖြင့် မိမိ ဝင်ရမည်ဟု သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့တွင်းသို့ ဧပြီလ ၁၁ရက်နေ့မှစ အဝင်အထွက် ကန့်သတ်ခဲ့ပြီးနောက် ဒေသန္တရလိုအပ်ချက်အရ ယခုလို ထပ်မံထုတ်ပြန်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

“Quarantine မလုပ်ဘူးဆိုရင် တံခါးမရှိ ဓါးမရှိ ဝင်ထွက်ခွင့် ပေးထားသလို ဖြစ်နေတဲ့ချိန်ကျတော့ ကျနော်တို့ တိုင်ပင်ပြီးတော့ ဘယ်ကပဲလာလာ ၂၁ ရက် Q ဝင်ရမယ်။ လက်ရှိအနေအထားတော့ လူစီးကားတွေ ဝင်တာ အင်မတန် နည်းသွားပါပြီ။ အဓိက ဝင်နေတာက ကုန်စည်စီးဆင်းမှုအရ ကုန်ကားတွေ၊ လောင်စာဆီသယ်တဲ့ကားတွေ၊ နောက်ပြီးတော့ တစ်သီးပုဂ္ဂလအနေနဲ့ ကုန်ကားသေးတွေ ဝင်တာလောက်ပဲ ရ်ှိပါတော့တယ်။ သီးခြားဝင်တာဆိုရင် ဖားကန့်မှာ အိုးနဲ့အိမ်နဲ့ အတည်တကျ နေတဲ့သူတွေ ဝင်လာတာ ရှိတယ်။ တကယ်လို့ ကိုယ့်စရိတ်နဲ့ ကိုယ် Quarantine ဝင်နိုင်တယ်ဆိုရင်တော့ တက်လာပေါ့။ မဝင်နိုင်ဘူး ဆိုရင်တော့ ရောက်တဲ့ နေရာပဲ နေပြီး အခြေအနေ ကောင်းမှပဲ ပြန်တက်လာ။ ဒီလိုပဲ ရှိတာပေါ့” ဟု ဦးတင့်စိုးက ဆိုသည်။

ဖားကန့်မြို့တွင်းသို့ဝင်သည့် ဂိတ် ၄ခု ရှိပြီး ကုန်တင်ယာဉ်၊ လောင်စာဆီသယ်ယာဉ် တစ်ရက်လျှင် စီးရေ ၂၀၀ ခန့် ပုံမှန်ဝင်ထွက်မှု ရှိနေသည်ဟု သိရသည်။

သို့သော် ကုန်တင်ယာဉ်များတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးတည်းသာ လိုက်ပါခွင့်ရှိကာ ၎င်းတို့ကိုလည်း အခြားသူများနှင့် ထိတွေ့မှု မရှိအောင် သီးခြား ထားရှိကြောင်း ဆက်ပြောသည်။

Green Land အရပ်ဘက်အဖွဲ့အစည်းမှ ဒေါ်ခင်စန်းတင့်က “ Covid-19 ေရာဂါကာကွယ်ထိန်းချုပ်ဖို့ သက်ဆိုင်ရာက တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ တစ်ခု ရှိတာက Quarantine ဝင်တဲ့သူတွေကို ကိုယ့်စရိတ်နဲ့ကိုယ် ဝင်ရမယ် ဆိုတော့ အဆင်ပြေတဲ့သူ ရှိသလို အဆင်မပြေတဲ့သူလည်း အများကြီး ရှိနိုင်တယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် Quarantine ဝင်တဲ့သူတွေကို အဲဒီကာလအတွင်း တကယ် ခက်ခဲတဲ့သူတွေကို ကူညီပေးစေချင်တယ်”ဟု ပြောသည်။

လူနာအမှတ် ၈၂ နှင့် ထိစပ်သူ ဖားကန့်မြို့နယ်တွင် ၉ဦး ရှိခဲ့ပြီး ဆေးစစ်ချက်အရ Nagative ချည့်သာ ဖြစ်ကြောင်း သက်ဆိုင်ရာထံမှသိရသည်။ လက်ရှိတွင် ဖားကန့်မြို့နယ်၌ Quarantine ဝင်သူ  ၃၀၀ကျော်ခန့်ရှိသည်။

လူငါးဦးထက် ပို မစုဝေးရဟု အစိုးရက ကန့်သတ်မိန့် ထုတ်ပြန်ထားသော်လည်း ဖားကန့် ကျောက်စိမ်းမှော်တွင် ရေမဆေးကျောက် ရှာဖွေနေသူများမှာ ပုံမှန်ရှိနေဆဲ ဖြစ်သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...