ကပ်တဲလ်ကျေးရွာ ဝင်ထွက်သွားလာမှု ကန့်သတ်၍ အနီးဝန်းကျင်ရွာ စားသောက်ပြတ်လပ်မည့် အနေအထားဖြစ်

ကပ်တဲလ်ကျေးရွာ ဝင်ထွက်သွားလာမှု ကန့်သတ်၍ အနီးဝန်းကျင်ရွာ စားသောက်ပြတ်လပ်မည့် အနေအထားဖြစ်

Covid – 19 လူနာ စတင်တွေ့ရှိရာ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာကို သွားလာမှု ကန့်သတ် (Lock Down ချ)လိုက်သဖြင့် ယင်းရွာမှ စားသောက်ကုန် ဝယ်ယူနေရသည့် ဟီးရန်အွယ်ကျေးရွာအဖို့ ကုန်ပြတ်လပ်မည့် အနေအထားဖြစ်နေကြောင်း သိရသည်။

ကပ်တဲလ်တွင် စေတနာ့ဝန်ထမ်းအဖြစ် ရောက်ရှိနေသူ ဒေါက်တာ ဘွေလျန်မာန်က

“ဒီရွာလေးက လော့ဒေါင်းချထားတဲ့ ကပ်တဲလ်ကနေ နှစ်မိုင်သာသာပဲ  ဝေးပါတယ်။ ရွာကို အဓိကသွားတဲ့လမ်း နှစ်ကြောင်းရှိပါတယ်။ တစ်ခုက တီးတိန်ကနေ ကပ်တဲလ်ကို ဖြတ်ပြီးသွားတဲ့ကားလမ်း၊ နောက်တစ်ခုက တီးတိန်ကနေ လိုင်တွီး (၁၆ မိုင်ခန့်)၊ ပြီးတော့ လိုင်တွီးဆိုတဲ့ရွာကြီးကနေဆို ၁၂ မိုင်လောက် ထပ်သွားရပါတယ်။ ဆိုလိုတာကတော့ ဒီဟီးရန်အွန်ရွာရဲ့ အဓိက ကုန်စည်က ကပ်တဲလ်က ဝယ်ယူရတာပါ” ဟု ဆိုသည်။

ယခုအခါ ဟီးရန်အွယ်ကျေးရွာ စားသောက်ကုန်ပြတ်လပ်မှုမှာ နှစ်ပတ်ကျော်ကြာရှိပြီ ဖြစ်ကြောင်း ဒေါက်တာဘွေလျန်မာန်က ပြောသည်။

 “သူတို့စားသောက်ကုန် ပြတ်လပ်တာက အရင်နှစ်ပတ်တည်းက၊ ဆိုတော့ သူတို့က ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူးကို ပစ္စည်းလာဝယ်မယ်ဆိုပြီး ဖုန်းဆက်လာတယ်။ သူတို့က ရွာဆိုင်တွေနဲ့ နီးကပ်ပြီးလာဝယ်မှာဆိုတော့ မဖြစ်ဘူး။ ဒီကိုလှူတဲ့ ပစ္စည်းတွေကို ခွဲပေးလိုက်တယ်။ ဒါပေမယ့် လော့ဒေါင်းပြီးခါနီးဆိုတော့ အပိုထည့်ပေးတာပေါ့။ အခု လော့ဒေါင်း ရက်တိုးလိုက်တော့ စားသောက်ကုန်တွေ ပြတ်လောက်ပြီ” ဟုပြောသည်။

ဟီးရန်အွယ်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးဒိုခန်တွောင်က “ကပ်တဲလ်ကို လာဝယ်မယ်ဆိုရင်လည်း လော့ဒေါင်းဆိုတော့ အတားအဆီးတွေရှိတယ်၊ ဘယ်လိုနည်းနဲ့မှ သွားလို့မရဘူး၊ အခက်အခဲတွေရှိတယ်။ ပြီးတော့ ကျေးရွာပြည်သူတွေကလည်း အစိုးရကို အကြောင်းကြားတဲ့အပိုင်းမှာ အားနည်းတယ်ထင်တယ်၊ တာဝန်ရှိတဲ့လူကြီးတွေကလည်း ဂရုမစိုက်တာတော့ မဟုတ်ပေမဲ့ အလေးမထားဘူးဖြစ်နေတယ်၊ ဒီချိန်ဆိုတောင်ပေါ်မှာက ငွေကြေးပြတ်လပ်တဲ့အ ချိန်လည်းဖြစ်တယ်၊ ကျွန်တော်တို့ရွာက ကပ်တဲလ်ရွာကို ကုန်စည်ဝယ်လေ့ရှိတယ်။ ခုက ငွေရှိရင်တောင် ဖြတ်သွားလို့မရဘူးဆိုတော့ အခက်အခဲအများကြီး ကြုံနေကြတယ်” ဟု ပြောသည်။

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွင့်မင်ထန်က “ ကျွန်တော်တို့ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီတာတွေရှိတယ်။ နေ့စားတွေအတွက်လည်း စားနပ်ရိက္ခာဝေပေးတယ်။ ပြီးတော့ လိုအပ်ချက်ရှိသူတွေကို အသေးစိတ်မသိဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အကြောင်းကြားဖို့လိုတယ်” ဟုပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...