ပလက်ဝမြို့ စစ်ဘေးရှောင်များအတွက် ရိက္ခာ တပ်မတော် အကူအညီဖြင့် ပို့မည်

ပလက်ဝမြို့ စစ်ဘေးရှောင်များအတွက် ရိက္ခာ တပ်မတော် အကူအညီဖြင့် ပို့မည်

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံများအတွက် စားနပ်ရိက္ခာအပါအဝင် ဆန်အိတ်ပေါင်း ၂၀၀၀ ကို တပ်မတော် အကူအညီဖြင့် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောသည်။

“တပ်မတော်ကနေ မပို့ဘူးဆိုရင် မရောက်နိုင်ဘူးလေ။ အရပ်ဖက်ကားတွေက ဘယ်သူမှ မသွားရဲကျတော့  ပထမ ဆန်အိတ် ၈၃၀ သယ်တုန်းကတောင်မှ ကားသမားတွေ ကားဆရာတွေ မနည်း စည်းရုံးပြီးမှ ကိုယ်တိုင် ဆမီးမှာ သေချာပြင်ဆင်ခဲ့လို့သာ ရောက်သွားနိုင်တာ၊ အခုက ကားယာဉ်မောင်းတွေလည်း မသွားရဲတော့ဘူး၊ အဲလိုဖြစ်တဲ့အတွက် တပ်မတော် ကားတွေကနေ ကူညီပေးပြီး ပို့ပေးဖို့လိုတယ်၊ တပ်မတော်က လုံခြုံရေးတွေနဲ့ ကားတွေနဲ့ ပို့ပေးမယ့် အစီအစဉ်တွေ လုပ်နေတယ်”ဟုပြောသည်။

စားနပ်ရိက္ခာများ အပြင် အခြား လူသုံးကုန် ပစ္စည်းများလည်း ပါဝင်ပြီး ၎င်းပစ္စည်းတို့ကိုလည်း သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ်ကြောင်းသိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆန်အိတ်နှစ်ထောင်နဲ့ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် အချိုူးကျပို့ဖို့ လုပ်ထားတယ် ။ ခေါက်ဆွဲထုတ်တို့ အိမ်သာခွက်တို့ ဖိနပ်တို့ ဆပ်ပြာတို့ ပို့ဖို့လုပ်ထားတယ်၊ အရင်ပထမ အကြိမ် ၈၃၀ အိတ်ပို့ပေးပြီ၊ အခုဆန်အိတ် ၂၀၀၀ ထပ်ပို့မှာဖြစ်တယ်။နောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဆန်အိတ် တစ်ထောင် ပခုက္ကူကနေပို့ဖို့ လုပ်နေတယ်။ ပလက်ဝကို ရောက်ရင် အိတ်သုံးထောင် ရောက်မှာဖြစ်တယ်”ဟု ပြောသည်။

လက်ရှိပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် လေးထောင်နီးပါးရှိပြီး လမ်းပမ်းဆက်သွယ်ရေးပိတ်ဆို့မှုကြောင့် ရိက္ခာ ပြတ်လပ်နေသည်မှာ သုံးလဝန်းကျင်ရှိပြီဖြစ်သည်။

April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...