ထောက်ပံ့မှုရပ်ဆိုင်းခြင်းနှင့် အဝင်အထွက်တင်းကြပ်ခြင်းကြောင့် လီဒိုလမ်း စစ်ရှောင်များ အခက်တွေ့

ထောက်ပံ့မှုရပ်ဆိုင်းခြင်းနှင့် အဝင်အထွက်တင်းကြပ်ခြင်းကြောင့် လီဒိုလမ်း စစ်ရှောင်များ အခက်တွေ့
လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်းတစ်ခု
လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်းတစ်ခု

ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ အောင်ရာနှင့် ရှဒူးဇွပ် စစ်ရှောင်စခန်းများတွင် Covid-19 ကြောင့် စားနပ်ရိက္ခာခက်ခဲလာနေကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

အောင်ရာကျေးရွာနှင့် ရှဒူးဇွပ်ကျေးရွာရှိ စစ်ရှောင်ပြည်သူများကို လာရောက်ထောက်ပံ့သည့် အဖွဲ့အစည်းမရှိတော့သည့်အပြင် စခန်းအပြင်ထွက် ရှာဖွေစားသောက်ရန်လည်း အဝင်အထွက် တင်းကြပ်လိုက်သဖြင့် ယခုလို ခက်ခဲလာရခြင်း ဖြစ်သည်ဟု ရှဒူးဇွပ်ကျေးရွာ စစ်ရှောင်တာဝန်ခံ Sara Htoi Aung က ပြောသည်။

“အခုချိန်မှာ စစ်ရှောင်တွေက အစားအသောက်အရမ်းခက်ခဲလာတယ်။ လိုအပ်နေတာကလည်း အခြေခံအစားအစာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားတွေပေါ့။ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ပိုဆိုးသွားတာပေါ့” ဟု ပြောသည်။

လူမှုကူညီရေးအဖွဲ့များကလည်း ထောက်ပံ့မှုများကို ရောဂါအခြေအနေကြောင့် ခေတ္တရပ်ဆိုင်းထားကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

စစ်ရှောင်စခန်းတည်ရှိသည့် ကျေးရွာ ၂ခုမှာ ဝါရာဇွပ်ကျေးရွာအုပ်စုတွင်ရှိပြီး ပုံမှန်အားဖြင့် စခန်းအပြင်ထွက် အလုပ်လုပ်ကိုင် စားသောက်နေသူများဖြစ်ကြောင်း သိရသည်။ ၎င်းကျေးရွာများအနီးတဝိုက်တွင် လူပေါင်းစုံ သွားလာနေထိုင်သော ရွှေမှော်များ ရှိနေသည်ဟုလည်း သိရသည်။

မြို့ပြနှင့် ဝေးကွာသည့် စစ်ရှောင်စခန်းဖြစ်သောကြောင့် ဝယ်ယူထားသည့် ရောဂါကာကွယ်ရေးပစ္စည်းများ၊ အဖျားတိုင်းကိရိယာများ စသည်တို့မှာ အရည်အသွေးမမီဖြစ်နေမည်ကို စိုးရိမ်ကြောင်း စခန်းတာဝန်ခံ တစ်ဦးက ပြောသည်။

“သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအနေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးဖို့ တိုက်တွန်းချင် ပါတယ်” ဟု အောင်ရာကျေးရွာ စစ်ရှောင်စခန်းတာဝန်ခံ Sara Zau Aung က တောင်းဆိုလိုက်သည်။

အဆိုပါစစ်ရှောင်စခန်းများတွင် ဦးရေ ၂၀၀ ခန့် ခိုလှုံနေသည်ဟု သိရသည်။၎င်းတို့မှာ ၂၀၁၇  နှောင်းပိုင်း တနိုင်း လီဒိုလမ်းမတစ်လျှောက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသည်မှာ သုံးနှစ်ရှိလာပြီ ဖြစ်သည်။

 

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...