နေပြည်တော်အဝင်မှာ ကျန်းမာရေး စစ်ဆေးပြီး ကိုယ်ရေး အချက်အလက် ကောက်ယူ

နေပြည်တော်အဝင်မှာ ကျန်းမာရေး စစ်ဆေးပြီး ကိုယ်ရေး အချက်အလက် ကောက်ယူ

နေပြည်တော်ကို ဝင်ရောက်လာသူအားလုံးကို ကျန်းမာရေးစစ်ဆေးနေပြီး ဝင်ရောက်လာသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို လည်း ကောက်ယူမှုတွေကို ဧပြီ ၁၄ရက်နေ့ ညနေကစတင်ပြီး လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

နေပြည်တော်ကို ဝင်/ထွက်နိုင်တဲ့ ဂိတ်တွေ ဖြစ်တဲ့ နေပြည်တော်အဝင်တိုးဂိတ် ၊ တောင်ညို အမြန်လမ်းတိုးဂိတ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း သာဝတ္ထိတိုးဂိတ်၊ တပ်ကုန်းတိုးဂိတ်နဲ့ တပ်ကုန်း-ကင်းသာ-ပင်လောင်းလမ်းခွဲ တိုးဂိတ်တွေမှာ ယခုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဝင်ရောက်လာသူတွေကို ကိုယ်ပူချိန်တိုင်းပြီး သံသယရှိတဲ့လူဆိုရင် မြို့နယ်ဆရာဝန်ကြီးတွေဆီ သတင်းပို့ပြီး ဆေးရုံကိုပို့မှာ ဖြစ်ပါတယ်။

ယခုလိုစစ်ဆေးတဲ့ဂိတ်တွေကို တပ်မတော် ရဲတပ်ဖွဲ့၊ လဝကနဲ့ ကျန်းမာရေးဌာနအပါအဝင် ဌာနဆိုင်ရာပေါင်းစုံ ပူးပေါင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပြီးတော့ အချို့ကားတွေကတော့ နေပြည်တော်ထဲမဝင်ဘဲ ပြန်လှည့်သွားတာတွေ ရှိနေတယ်လို့ နေပြည်တော် အမြန်လမ်းအဝင် စစ်ဆေးရေးဂိတ်က တာဝန်ခံ အရာရှိ ရဲအုပ် ကျော်စိုးခိုင်က ပြောပါတယ်။

ဧပြီ၁၅ရက်နေ့ နေပလည်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုးဗစ်ကူးစက်ခ့ထားရသူ ၇၄ဦးရှိပြီး ရန်ကုန်မြို့မှာ ကူးစက်ခံရမှု အများဆုံး ဖြစ်နေပါတယ်။

 <><><>

ဓာတ်ပုံ- သန်းထိုက်အောင် (မဇ္စျိမ)

September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...