Covid-19 တိုက်ဖျက်ရေး ကချင်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်

Covid-19 တိုက်ဖျက်ရေး ကချင်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်
Kachin State Covid-19 prevention Network
Kachin State Covid-19 prevention Network

ကချင်ပြည်နယ်အတွင်း လူထုကျန်းမာရေးစောင့်ရှောက်မှုများကို နယ်လှည့်ပြီး အစဉ်အဆက် ပြုလုပ်လာခဲ့သည့် ကချင်နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ KBPHWT(Kachin Back Pack Health Worker Team) သည် ယခုချိန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ပြန်လည် လုပ်ဆောင်နေပြီဟု သိရသည်။

အစိုးရကျန်းမာရေးဌာန ရောက်ရှိမှုနည်းပါးသော ကျေးလက်ဒေသများသို့  ကျန်းမာရေးစောင့်ရှောက်မှု နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူနေထူထပ်သော မြစ်ကြီးနားမြို့အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် ရောဂါကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။

“ကျနော်တို့က ကိုဗစ်နဲ့ ပတ်သက်ပြီး အဓိက လုပ်ဆောင်တဲ့ နေရာတွေရှိတယ်။ အဲ့ထဲမှာ စစ်ရှောင်တွေနဲ့ ပြည်တော်ပြန်တဲ့ သူတွေကို ဦးတည်ပြီး လုပ်ဆောင်ပေးတယ်။ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ပိုးသတ်ဆေးသွားဖျန်းပေးတာတွေကို လုပ်ဆောင်ပေးတယ်။ ပြည်တော်ပြန်တဲ့ သူတွေကို ကိုဗစ်နဲ့ပတ်သက်ပြီး အမြင်ဖွင့်ပေးတာတွေ လုပ်ပေးတယ်။ လိုအပ်တဲ့ ဆေးကုသမှုတွေကို သွားရောက်လုပ်ဆောင်ပေးတယ်” ဟု KBPHWT တာဝန်ခံ Mr.Zet က ပြောဆိုသည်။

အစိုးရ၏ ညွှန်ကြားချက်ဖြင့် ယခင်က ကျေးလက်နေရာအနှံ့ ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ထားသော်လည်း ဆရာဝန်နှင့် ဆေးဝါးများ လုံလောက်မှုမရှိသောကြောင့် ဒေသခံများတောင်းဆိုချက်အရ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်သည့် အစီအစဉ် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုလဆန်းပိုင်းမှစတင်ကာ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်းရှိ ဘာသာပေါင်းစုံ စစ်ရှောင်စခန်းများတွင် Back Pack တစ်ဖွဲ့တည်းဖြင့်မဟုတ်ဘဲ Kachin State Covid-19 Prevention Network ကွန်ရက်အနေဖြင့် ပိုးသတ်ဆေးဖျန်းပေးခြင်းနှင့် အခြားကာကွယ်ရေးပစ္စည်းများ ကူညီပေးသည်ကို တွေ့ရသည်။

“Covid-19 ရောဂါကို ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ဘဲ လုပ်လို့မရဘူး။ အင်မတန်မှ ကြီးမားတဲ့ ရောဂါတစ်ခု ဖြစ်တယ်။ ကျနော်တို့ အဖွဲ့အစည်းတစ်ခုနဲ့ဘဲ သွားလို့လည်းမရဘူး။ အင်အားလည်း အဲ့လောက်မရှိဘူးပေါ့။ ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေလိုအပ်လာတယ်။ အဖွဲ့အစည်း များများနဲ့ လုပ်ဆောင်မှ ရမယ်ဖြစ်တယ်။ ဒါကြောင့် ကချင်လူထုအကျိုးပြု ကိုဗစ်- ၁၉ ကာကွယ်တားဆီးရေးအဖွဲ့နှင့် ပူးပေါင်းပါဝင်ရခြင်းဖြစ်တယ်။ ဒီအဖွဲ့အစည်းထဲမှာ ကျနော်တို့က အဓိကတော့ ကျန်းမာရေးပိုင်းကို တာဝန်ယူဆောင်ရွက်နေတာပါ” ဟု ပြောဆိုသည်။

အစိုးရ၏ Covid-19 ကာကွယ်တားဆီးလုပ်ဆောင်ချက်များ အားနည်းနေသေးသည့်အတွက် တစ်ဖက်တစ်လမ်းမှ အားဖြည့်ရန် ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု Kachin State Covid-19 Prevention Network မှ ကိုပေါလု ယခုလိုပြောဆိုသည်။

    “အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉က ကမ္ဘာမှာ ကူးစက်ပျံ့နှံ့တာလည်း အချိန်တစ်ခုကြာလာပြီဖြစ်တယ်။ ကျနော်တို့ရဲ့ဒေသက ဆင်းရဲတဲ့ ဒေသတစ်ခုဖြစ်တယ်။ ကြိုတင်ကာကွယ်မှုတွေ အများအပြား ပြုလုပ်ရမယ်ဖြစ်တယ်။ တကယ်လို့ ဖြစ်လာရင်လည်း အစိုးရကထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူး ဆိုတာ ကြိုသိနေတယ်။ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်ဖြစ်တယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးပူးပေါင်းပြီး နှိုးဆော် လုပ်ဆောင်နေတာဖြစ်တယ်”ဟု ပြောဆိုသည်။

အလားတူ အဆိုပါ ကွန်ရက်တွင် Covid-19 ကာကွယ်ရေး စိတ်ဝင်စားသူများ ပါဝင်နိုင်ပြီး ကူညီထောက်ပံ့မှုများစွာကိုလည်း လိုအပ်နေသည်ဟု သိရသည်။

Kachin State Covid-19 prevention Network တွင် KBPHWT အပြင် Kachin National Youth Network ၊ All Kachin Youth Union (AKYU)၊ KSPP ၊ Kachin Democratic Woman league ၊ Ram Hkye ၊ Kachin Democratic Institute(KDI) ၊ IDP ၊ Mung Chying Rawt Jat ၊ Kachin Development Networking Group(KDNG) နှင့် WHG စသော အဖွဲ့အစည်းများ ပါဝင်သည်ဟု သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...