လိုအပ်ချက်များ ရှိနေသဖြင့် တီးတိန်မြို့ LockDown ချမချ အခြေအနေကြည့်ပြီးမှ ဆောင်ရွက်မည်ဟု ဆို

လိုအပ်ချက်များ ရှိနေသဖြင့် တီးတိန်မြို့ LockDown ချမချ အခြေအနေကြည့်ပြီးမှ ဆောင်ရွက်မည်ဟု ဆို

Salai Benezer — ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာ ၃ဦး အထိရှိနေသည့် တီးတိန်မြို့ LockDown ချမချကို လိုအပ်ချက်များ ရှိနေသဖြင့် နယ်မြေအခြေအနေကြည့်ပြီးမှ ဆောင်ရွက်မည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်အတွက်ကို LockDown လုပ်မယ်ဆိုရင်လည်း သူ့ရဲ့လိုအပ်ချက်တွေ အများကြီးရှိတယ်။ ရေ၊ မီး လုံလောက်ဖို့ရယ်၊ တခြားတွေလည်းအများကြီးရှိတယ်၊ စားနပ်ရိက္ခာပြည့်စုံဖို့ စတဲ့အချက်တွေ အများကြီးရှိတယ်၊ အဲဒါတွေကို တစ်မြို့လုံး လုံလောက်အောင်လုပ်ဖို့က မလွယ်ဘူးပေါ့နော်”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဆက်လက်၍ ဝန်ကြီးက "ရပ်ကွက်ဆိုလည်းရပ်ကွက်၊ လမ်းဆိုလည်းလမ်း၊ အဲလိုပဲ လုပ်မလားဆိုတာ ဒီနေ့ လူမှုရေးဝန်ကြီးနဲ့ စိုက်မွေးဝန်ကြီး နှစ်ယောက် ဒီမနက်မှာ တီးတိန်ကိုတော့ သွားကြပြီ၊ သူတို့ အဲဒီကိုရောက်မှ နယ်မြေအခြေအနေကိုကြည့်ပြီးမှ လုပ်သင့်တဲ့ဟာ ပြင်သင့်တဲ့ဟာ လုပ်ဖို့သွားတာဖြစ်တယ်၊ ဒီကိစ္စက ရေတွေ မီးတွေ စားနပ်ရိက္ခာတွေ အားလုံးပြည့်စုံမှ လုပ်လို့ကောင်းတာ။ မဟုတ်ရင်အားလုံး စားဝတ်နေရေး ခက်ခဲကုန်မယ်"ဟု ထပ်လောင်းပြောဆိုသည်။

တီးတိန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သုံးဦးမှာ အမေရိကန် ပြန် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၄င်း၏မိခင် ၅၈နှစ်အရွယ် တစ်ဦးနှင့် တီးတိန်မြို့နေ ၃၉နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး လက်ရှိတွင် တီးတိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ ကိုLian Tuang က “အစိုးရဘက်က LockDown ချဖို့ ဒီချိန်ထိ ဘာမှမလုပ်သေးတာ။ ကျနော်ပြောချင်တာက စားနပ်ရိက္ခာအတွက်ဆိုရင်တော့ ပြည်သူတွေ ဝိုင်းဝန်းပံ့ပိုးပေးလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသတစ်ခုကြောင့် အားလုံးအတွက် ဒုက္ခမရောက်အောင် ကျနော်တို့က ဝိုင်းဝန်းပံ့ပိုးသင့်တယ်လို့ယူဆတယ်၊ တီးတိန်ကို အဲလိုလုပ်ထားပြီဆိုရင် အဘက်ဘက်ကအလှူရှင်တွေ ပြည်သူတွေ အားလုံးပံ့ပိုးပြီးတော့ မငတ်လောက်ပါဘူးလို့ ကျနော်ကတော့ ယူဆတယ်”ဟု ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ခံနေရသည့် သုံးဦးကို အခြေအနေအရ အခြားနေရာသို့ရွှေ့ပြောင်းမည်မဟုတ်ဘဲ တီးတိန်ဆေးရုံတွင် ဆက်လက်ကုသမည်ဖြစ်ပြီး ကူးစက်ခံရသူပိုများလာမှသာ ဖလမ်းနှင့် ဟားခါးဆေးရုံကြီးတို့တွင် ကြိုတင်ပြင်ဆင်ထားကြောင်းသိရသည်။

Most read this week

March 25, 2024
ဒီနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂:၃၀ ခန့်တွင် ကလေးမြို့နယ် ယောက်ချိုကွင်း (Budiman) ကျေးရွာမှာ...
March 21, 2024
စစ်ရေးတင်းမာလျက်ရှိတဲ့ ကလေးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့...
March 20, 2024
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်လျှောက်လွှာတင်ထားပြီး ဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/...
March 18, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရွယ်ရောက်ပြီးသား လူငယ်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက...