ကယားအစိုးရ ညွှန်ကြားချက် ယာဉ်လုပ်ငန်းရှင်များ ပြန်ဆွေးနွေးလို

ကယားအစိုးရ ညွှန်ကြားချက် ယာဉ်လုပ်ငန်းရှင်များ ပြန်ဆွေးနွေးလို

သန်းထိုက်ဦး — ကိုဗစ်နိုင်တင်း ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကယားပြည်နယ် အစိုးရက မော်တော်ယာဉ် လုပ်ငန်းရှင်များကို ညွန် ကြားထားသော အကြောင်းအရာများသည် ပြတ်သားမှု မရှိသောကြောင့် ပြန်လည် တင်ပြတောင်းဆိုသွားမည်ဟု ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီ အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးစံအေးက ပြောသည်။

အစိုးရ ညွန်ကြားထားချက်နှင့် ပတ်သက်၍ မော်တော်ယာဉ် လုပ်ငန်းရှင်းများက လွိုင်ကော်မြို့ လိုင်းပေါင်းစုံဂိတ်တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ဦးစံအေးက ယခုလိုပြောဆိုခြင်းဖြစ်သည်။

ြ့ပည်နယ်အစိုးရ၏ ညွှန်ကြားချက်တွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်အဝေးပြေးယာဉ်များ၊ မြို့တွင်းပြေးဆွဲနေသည့်ယာဉ်များနှင့် တက္ကစီယာဉ်များမှ ယာဉ်မောင်းများအားလုံးကို ရည်ညွှန်းထားသည်ကို တွေ့ရသည်။

ညွှန်ကြားချက်တွင် (က) ယာဉ်မောင်းတိုင်း Mask တပ်ဆင်မောင်းနှင်ရန် (၂) ယာဉ်ပေါ်အတက်/အဆင်းတိုင်း လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောရန် (၃) ခရီးသည်တင်ယာဉ်ဖြစ်ပါက ခရီးသည်များ Mask တပ်ဆင်ရန် (၄) ယာဉ်ပေါ်ရှိ ထိုင်ခုံများတွင် ခရီးသည်များနေရာယူရာ သတ်မှတ်အကွာအဝေးရှိစေရန် နှင့် (၅) မော်တော်ယာဉ်များတစ်ခေါက်ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖြန်းရန်တို့ဖြစ်သည်။

“အခက်အခဲ ဖြစ်နေတာတခုက ဘာလဲဆိုတော့ (ခရီးသည်အရေအတွက်) တဝက် တင်ရမလား။ (ခရီးသည်များနေရာယူရာ) သတ်မှတ် အကွာ အဝေးကို တင်ရမလား မကွဲဘူး”ဟု ဦးစံအေးက ပြောသည်။

မော်တော်ယာဉ်လိုင်းများဘက်က ရှမ်းပြည်နယ်အခြေပြုယာဉ်လိုင်းများကဲ့သို့ပင် ပုံမှန်တင်သည့် ခရီးသည်အရေအတွက်၏ ၅၀ ရာခိုင်နှုန်းကိုသာတင်ဆောင်ကာ ယာဉ်စီးခကို နှစ်ဆတိုးမြှင့်ကောက်ခြင်းမျိုးကို လိုလားနေကြသည်။

မော်တော်ယာဉ်လိုင်း လုပ်ငန်းရှင် တစ်ဦးက “လူကိုလျော့ချ ခိုင်းတယ် ဆိုလို့ရှိရင်တော့ ဈေးနှုန်းလေးတော့ နည်းနည်း ပြင်ပေးစေချင်တာပေါ့နော်။  လောလောဆယ်မှာ ဈေးနှုန်း မပြင်သေးဘူး။ ဘယ်နှစ်ရက်ထိ ထားမလဲ ရက်အတိုင်း အတာ တခုတော့ သိချင်တာပေါ့။ ”ဟု ပြောသည်။

ကယားပြည်နယ်တွင် ယာဉ်လိုင်းပေါင်း ၆၈ လိုင်းရှိပြီး ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် ခရီးသွားများ နည်းပါးသွားသည့် အတွက် ယခုဧပြီလ ၇ ရက်နေ့မှ စတင်၍ ယာဉ်လိုင်း များ ပိတ်ထားကြသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...