မိဘမဲ့ဂေဟာနှင့် မျက်မမြင်ကျောင်းများအတွက် ကူညီထောက်ပံ့မှုများ Covid-19 ကြောင့် လျော့နည်း

မိဘမဲ့ဂေဟာနှင့် မျက်မမြင်ကျောင်းများအတွက် ကူညီထောက်ပံ့မှုများ Covid-19 ကြောင့် လျော့နည်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းများနှင့် မိဘမဲ့ဂေဟာများသို့ အလှူရှင်များ Covid-19 ရောဂါကြောင့် လာရောက်မှု မရှိတော့သည့်နောက်ပိုင်း အစားအသောက်အတွက် အခက်အခဲကြုံတွေ့လာရသည်ဟု သိရသည်။

အဆိုပါနေရာများမှာ နောင်နန်း Agape မိဘမဲ့ဂေဟာ နှင့် ဂျန်မိုင်ကောင် Agape မိဘမဲ့ဂေဟာ တို့ဖြစ်သည်။

“အခုလိုမျိုး Covid-19 ရောဂါ ဖြစ်လာတဲ့ချိန်ကျ အလှူရှင်တွေက အရင်လိုရောက်မလာကြတော့ဘူး။ ကျွန်တော်တို့ ကလေးတွေမှာ အစားအသောက်နှင့် အာဟာရပိုင်းမှာ အခက်အခဲတွေ ရှိလာတယ်” ဟု ဂျန်မိုင်ကောင် အာဂါဗေ မိဘမဲ့ဂေဟာ တာဝန်ခံ ဆရာ မဒိန်ယိန်းဇုန်းက ပြောသည်။

လက်ရှိအခြေအနေကို ကျော်လွန်နိုင်သော်လည်း ရေရှည်အတွက် အစားအသောက်ပြဿနာဖြေရှင်းရန် စိုးရိမ်ကြောင်း ထပ်မံ ပြောဆိုသည်။

နိုင်ငံတော်အစိုးရမှ သင်္ကြန်ကာလအတွင်း အခြေခံ လူတန်းစားများကို ထောက်ပံ့မည့်အစီအစဉ်တွင် ရွှေ့ပြောင်းနှင့် စစ်ရှောင်စခန်းများပါဝင်သော်လည်း မိဘမဲ့ဂေဟာနှင့် မျက်မမြင်ကျောင်းများသည် နေ့လုပ်နေ့စား မဟုတ်သည့်အတွက် မပါဝင်ကြောင်း သိရသည်။

Covid-19 ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကလေးများ၏ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများ၊ လိုအပ်သောပစ္စည်းများ နှင့်ပိုးသတ်ဆေးဖြန်း မှု အကူအညီများ လိုအပ်နေကြောင်းသိရသည်။

ဂျန်မိုင်ကောင် မိဘမဲ့ဂေဟာ တွင် ကလေးသူငယ် စုစုပေါင်း လေးဆယ်ကျော် နှင့် နောင်နန်းမိဘမဲ့ဂေဟာတွင် ကလေးသူငယ် ဦးရေ ၂၀ ခန့်ရှိကြောင်း တာဝန်ခံများထံမှ သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...