ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးပေါက်ကွဲသံများကြောင့် နှလုံးရောဂါရှိသူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးပေါက်ကွဲသံများကြောင့် နှလုံးရောဂါရှိသူတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာအနီးတွင် ဧပြီလ ၁၁ ရက် ညနေ ၇ နာရီခန့်က လက်နက်ကြီးပေါက်ကွဲမှုသံများ ကြားရပြီးနောက် နှလုံးရောဂါအခံရှိသည့် ကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့သည်။

သေဆုံးသူမှာ ဂဏန်းမဲကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးမောင်သာကျော်ဖြစ်ပြီး ရွာ၏အနောက်ဘက် တောင်ကြားတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသံများကြောင့် သေဆုံးသွားခဲ့ရသည်ဟု ညီဖြစ်သူ ဦးအင်္ဂါအောင်က ပြောသည်။

ဧပြီ ၁၂ နံနက်ပိုင်းက သင်္ဂြိုဟ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

ဂဏန်းမဲကျေးရွာအနီးကို ပုဏ္ဏားကျွန်းမြို့နှင့် စစ်တွေမြို့နယ်တို့မှ လက်နက်ကြီးများ အဆက်အပြတ် ပစ်ခတ်နေသဖြင့် ကျေးရွာအတွင်း ကျရောက်လာမည်ကို ရွာသားများက စိုးရိမ်နေကြသည်။

“ဒီနေ့ (ဧပြီ ၁၂ )နဲ့ပါဆိုရင် တစ်ပတ်ကျော်သွားပြီ။ လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ပစ် အရပ်သားတွေက နားမခံနိုင်ကြဘူး။ ရောဂါအခံရှိသူတွေကတော့ ပိုဆိုးတာပေါ့။ နောက်ပြီး တောတောင်တွေမီးလောင်၊ ကျွဲနွားတွေ ပျက်စီးတာတွေလည်း ရှိတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လအတွင်းကလည်း ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် ဂဏန်းမဲရွာထဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုများနှင့် တောင်ယာစိုက်ခင်းများတွင် ကျရောက်မှုများကြောင့် မီးလောင်ပျက်စီးမှုများလည်း ရှိနေသည်။

ထိုသို့ လက်နက်ကြီးကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ပေါက်တောပြင်၊ အဘောင်တော်၊ သာစည်၊ ဂဏန်းမဲ စသည့်ကျေးရွာအနီးမှ တောင်ယာစိုက်ခင်းများ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...