ချင်းပြည်နယ် ဆမီးမြို့က စစ်ဘေးရှောင် သုံးထောင် ရေ အခက်အခဲ ဖြစ်နေ

ချင်းပြည်နယ် ဆမီးမြို့က စစ်ဘေးရှောင် သုံးထောင် ရေ အခက်အခဲ ဖြစ်နေ

အုပ်မှူးဇော် — ချင်းပြည်နယ် ဆမီးမြို့မှာတော့ တပ်မတော်နဲ့  AAတို့ရဲ့ ပလက်ဝတိုက်ပွဲကြောင့် စစ်ဘေးရှောင်လာတဲ့သူ သုံးထောင်ရှိနေပြီဖြစ်ပြီး သောက်သုံးရေအခက်အခဲရှိနေကြောင်း ဆမီးမြို့ဒေသခံတစ်ဉီးက မဇ္ဈိမကိုပြောသည်။

ဆမီးမြို့ဒေသခံက“စားနပ်ရိက္ခာကတော့ အလှူရှင်တွေကပံ့ပိုးပေးတယ်။ ဒါပေမယ့် ဟင်းစားတော်တော်အခက်အခဲရှိပါတယ်။ ပြီးရင်ရေပြဿနာရှိတယ်။ ရေပြဿနာဆိုတာက အဲ့ဒီအနီးအနားကမြစ်ချောင်းတစ်ချောင်းကိုပဲ အားလုံးက သောက်သုံးနေကြတာဆိုတော့ အဲ့ဒီရေက သန့်ရှင်းတဲ့ရေမဟုတ်ဘူး”ဟုပြောသည်။

မတ်လအကုန်က ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွေမှာ လူ၃၀၀လောက် ကိုယ့်အိမ်ကိုပြန်ပြီးနောက် ယခုဧပြီလတွင်း စစ်ဘေးရှောင်သူဦးရေ ပြန်လည်တိုးလာခြင်းဖြစ်သည်။

ထို့အပြင် အဲ့ဒီစစ်ဘေးရှောင်စခန်းတွေမှာ အိမ်သာအခက်အခဲလည်းဖြစ်နေကြောင်း ဒေသခံကပြောသည်။

“ပြဿနာက အိမ်သာဆောက်မယ့်နေရာပြဿနာ အများဆုံးပဲ။ အိမ်သာကေရေလောင်းအိမ်သာ ဆိုနည်းနည်းအဆင်ပြေတယ်ဗျာ။ ရေလောင်းအိမ်သာဆောက်ဖို့ကအခက်အခဲဖြစ်နေတယ်။ ပြီးရင်အိမ်သာ ခွက်တွေကလည်း အခက်အခဲရှိတယ်။”ဟုပြောသည်။

လက်ရှိမှာလည်း COVID-19ရောဂါကြောင့်လူစုလူဝေးရှောင်ရချိန်မှာ ထိုစစ်ဘေးရှောင် စခန်းတွေမှာ လူအယောက် ၃၀၀၀ ဝန်းကျင်ရှိသည်။

ထို့အပြင် ရေအခက်အခဲကြောင့်လည်း လက်ကို အချိန်တိုင်းမဆေးနိုင်သလို မျက်နှာဖုံး (Mask)တွေမှာလည်းမလုံလောက်ဘဲဖြစ်နေတယ်လို့ ဒေသခံကပြောသည်။

“COVID-19ကာကွယ်ဖို့နဲ့ပတ်သက်ပြီး maskဆိုလည်းမရှိဘူး။ လက်ဆေးရည်ဆိုတာလည်းမရှိဘူး။ ဒီစစ်ဘေးရှောင်စခန်းကလူတွေဆီမှာ ရှိမနေဘူး။ လက်တွေဘာတွေခဏခဏဆေးဖို့ဆိုရင်ရေတွေလည်း မရှိတာဖြစ်တယ်။ ပြီးရင်ရေအခက်အခဲလည်းဖြစ်တယ်”ဟုပြောသည်။

ချင်းပြည်နယ် ဆမီးမြို့မှာတော့ စစ်ဘေးရှောင်စခန်း ငါးခုရှိပြီး စစ်ဘေးရှောင်ပြည်သူတွေထဲမှာ အများစုကကလေးတွေဖြစ်ကြောင်းသိရသည်။

လက်ရှိကာလဟာ COVID-19ရောဂါကာလဖြစ်သော်လည်း ချင်းပြည်နယ်ဘက်နဲ့ရခိုင်ပြည်နယ်ကြားမှာတော့ တပ်မတော်နဲ့ အကြမ်းဖက်အဖွဲ့ AAတို့ရဲ့တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး ဧပြီ ၉ရက်နဲ့ ၁၀ရက်နေ့မှာလည်း ဆမီးနဲ့ပလက်ဝကြားမှာ ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။

September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...