တီးတိန်မြို့နယ်တွင် Covid-19 ရောဂါကူးစက်ခံရသူတစ်ဦးထပ်မံတွေ့ရှိ

တီးတိန်မြို့နယ်တွင် Covid-19 ရောဂါကူးစက်ခံရသူတစ်ဦးထပ်မံတွေ့ရှိ

လားနွန် – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာနေ (၅၈) နှစ်အရွယ် အမျိူးသမီးတစ်ဦးသည် Covid-19 ရောဂါပိုးကူးစက်ခံထားရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

၎င်းသည် အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိထားသူဖြစ်ပြီး Covid-19 လူနာနံပါတ် – ၁ (case-1) ၏ မိခင်ဖြစ်သည်ဟုသိရသည်။

၎င်းတို့ (၂) ဦးသည် အမေရိကန်နိုင်ငံ ဝါရှင်တန်မှ ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ထွက်ခွါလာခဲ့ကြပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့မှတဆင့် မတ်လ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြသည်။ ထိုမှတဆင့် ကပ်တဲလ်ကျေးရွာရောက်ရှိပြီးသည့်အချိန် သားဖြစ်သူ Covid-19 ရောဂါပိုးတွေ့ရှိပြီးနောက်တွင် သူမအား ရွာထဲရှိ သီးသန့်အိမ်တစ်လုံးတွင် သီးခြားစောင့်ကြည့်ခဲ့သည်ဟု သိရသည်။

အဆိုပါအမျိုးသမီးကို တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ထားရှိရန် အရေးပေါ်လူနာတင်ကားဖြင့် သွားရောက်ခေါ်ဆောင်မည်ဖြစ်ပြီး ကျန်းမာရေးမှာ အခြေအနေကောင်းနေသေးကြောင်း ချင်းပြည်နယ်  လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“သူ့အခြေအနေကတော့ သိပ်တော့ပြောင်းလဲမှုတော့မရှိှပါဘူး အခု ဒီမနက် ၇း၃၀ မှာ တီးတိန်မြို့မှ သွားကြိုဖို့ ambulance တစ်စီးနဲ့ ဆရာဝန်တစ်ယောက် သွားခိုင်းတယ်၊ သူတို့ပြန်ရောက်လာရင် အဖြေပေးမယ် အခုထိတော့  သတင်းကလာမပို့သေးဘူး ကပ်တဲလ်ကလည်းလမ်းမကောင်းဘူး ၁၈ မိုင်လောက်ကို ၂ နာရီလောက်သွားရတယ်၊ ကျနော်သိသလောက်တော့ ပထမတုန်းကလည်း ကျနော်စစ်ခိုင်းတယ် ဒါပေမဲ့ ကျန်းမာရေးက ဘာမှမဖြစ်ရင် စစ်စရာမလိုဘူး မစစ်ဘူးဆိုတော့ မစစ်ဘဲနေလိုက်တယ် အခုဒီတစ်ခေါက်ကျတော့ သူ့သားက နှစ်ကြိမ်စစ်တာ Positive ဖြစ်တယ်ဆိုတော့ ဒီတစ်ကြိမ်မှာတော့ သူနဲ့ နီးစပ်တဲ့လူ သူဇနီးသည် သူရဲ့အမေ သူတို့တဲတဲ့အိမ်ရှင်အကုန် ၁၄ ယောက်လောက်စစ်တာ အဲဒီထဲမှာ သူ့အမေက အခု Positive ဖြစ်သွားတာကျန်တဲ့လူတွေကမဖြစ်ဘူး သူ့ဇနီးသည်လည်းမဖြစ်ဘူး” ဟု ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

Covid-19 လူနာတွေ့ရှိသည့် ကပ်တဲလ်ကျေးရွာကို ချင်းပြည်နယ်အစိုးရက Lockdown ပိတ်ချထားဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ခံထားရသူ (၂၇) ယောက်ရှိပြီး ချင်းပြည်နယ်တွင် (၂) ယောက်ရှိနေပြီဖြစ်ကြောင်း ဧပြီ ၁၀ ရက် မွန်းလွဲချိန်အထိ သိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...