ပလက်ဝမြို့ စစ်ဘေးရှောင် သုံးထောင်နီးပါး စားနပ်ရိက္ခာ မျှစားနေရ၊ ဆေးဝါးများ ပြတ်လပ်

ပလက်ဝမြို့ စစ်ဘေးရှောင် သုံးထောင်နီးပါး စားနပ်ရိက္ခာ မျှစားနေရ၊ ဆေးဝါးများ ပြတ်လပ်

Salai Khup Khup — ချင်းပြည်နယ် ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင် လာသူ သုံးထောင်နီးပါးရှိပြီး မြို့ပေါ်တွင် စားနပ်ရိက္ခာ မကြာမီ ပြတ်လပ်သွားနိုင်ပြီး ဆေးဝါးများလည်းပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံ ဦးဘူးထန်ပိုင်က “စစ်ဘေးရှောင်ကလည်း သုံးထောင်နီးပါးဆိုတော့ စားဖို့သောက်ဖို့ အိမ်မှာစုထားတဲ့ စားနပ်ရိက္ခာ တွေကိုပါ ကျွေးရတာဆိုတော့ ဒီဟာသာ ပြတ်လပ်သွားရင် ဘယ်လိုစားသောက်ရမလဲ စိုးရိမ်နေရတယ် နောက်ပြီး ဒီလူတွေ သောက်သုံးရေကအစ အိမ်သာကစ ကျန်းမာရေးကိစ္စ အများကြီး အဆင်မပြေမှုက စိုးရိမ်စရာတွေရှိတယ် ပလက်ဝမှာ ဟိုတလောက ဆန်ပိတ်တာနဲ့ ဆေးဝါးတွေပါ သယ်လို့မရဘူးဆိုတော့ ဆေးဆိုင်တွေမှာရော ဆေးရုံမှာရော ဆေးဝါးတွေမရှိတော့ဘူး အရေးပေါ်ဖြစ်ရင် အရမ်းစိုးရိမ်ရတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများပြင်းထန်သောကြောင့် ကျေးရွာပေါင်း ၈ ရွာမှ အိမ်ထောင်စု ၂၂၁ စု၊  လူဦးရေအားဖြင့် ၉၁၆ဦးခန့် မြို့ပေါ်သို့ ပြောင်းရွှေ့လာကြောင်း သိရသည်။

ဦးဘူးထန်ပိုင်က “နန်းချောင်းဝလည်း မထင်မှတ်ဘဲ အဲလိုဖြစ်သွားတော့ တခြားကျေးရွာက ဒေသခံတွေကလည်း ကြောက်လန့်ပြီး အခုလို ပလက်ဝဖက်ကို စစ်ဘေးရှောင်လာကြတယ်။ လက်ရှိစာရင်းရ ပလက်ဝမြို့ ပေါ်မှာ စစ်ဘေးရှောင်လာတဲ့ လူဦးရေက ၂၉၀၂ ဦးရေလောက်ရှိတယ်။ ဒီမနက်လည်း ထပ်ရောက်လာတာတွေရှိတယ်။ ဆမီးဖက်ကိုလည်း အရင်လို ဆိုင်ကယ်နဲ့ ဆန်တွေသွားသယ်လို့ မရတော့ဘူး ပလက်ဝမြို့ပေါ်မှာ ဆန်ပြတ်သွားရင် ဝယ်စားစရာ ဆန်လည်း မရှိတော့ဘူး ပိုက်ဆံအပုံကြီးပေးရင်တောင် ဝယ်စရာမရှိဘူး”ဟုပြောသည်။

လက်ရှိ ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင်လာသည့် သူများသည် ဘုရားကျောင်းဝန်းများထဲတွင် အချို့နေထိုင်ပြီး အချို့မှာ  အသိမိတ်ဆွေများအိမ်တွင် နေထိုင်ကြကြောင်း သိရသည်။

နန်းချောင်းဝကျေးရွာတွင်လည်း ဧပြီလ ၇ ရက်ညနေက လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၇ ဦး သေ၊ ၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်သို့ အိမ်ထောင်စုပေါင်း (၆၅၈) အိမ်ထောင်စု ပြောင်းရွှေ့လာပြီး လူဦးရေ အားဖြင့် (၂၉၀၂) ရှိကြောင်း ဧပြီ ၉ ရက်နေ့ စာရင်းအရ သိရပြီး နယ်မြေအခြေအနေအရ ထပ်မံ တိုးလာနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...