လက်နက်ကြီးကျည် ကျရောက်သောကြောင့် အမ်းဒေသခံလေးဦး ဒဏ်ရာရ

လက်နက်ကြီးကျည် ကျရောက်သောကြောင့် အမ်းဒေသခံလေးဦး ဒဏ်ရာရ

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ဦးတိုက်ကျေးရွာသို့ ဧပြီလ ၈ ရက်နေ့၊ ညနေ ၈ နာရီခန့်က လက်နက်ကြီးကျရောက်သောကြောင့် ဒေသခံလေးဦး ဒဏ်ရာရရှိသွားသည္။

လက်နက်ကြီးပစ်ခတ်သံများ ကြားရသောကြောင့် ဗုံးခိုကျင်းတွင်ခိုလှုံနေစဉ်နှင့် ခိုလှုံရန်ပြင်ဆင်နေစဉ် ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မောင်နုဝေ အသက်(၁၈)နှစ် မှာ ဘယ်ဖက်မျက်လုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး နှာတံရိုးလည်း ကျိုးသွားသည်။

ဦးသောင်းလှရွှေ အသက် (၃၀)နှစ်မှာ ဘယ်ဖက်ခြေတွင် ဒဏ်ရာရရှိသွားပြီး ဦးစံသိန်းထွန်း အသက် (၃၇) နှစ်မှာ ဦးခေါင်းတွင်ဒဏ်ရာရရှိသွားသည်။ထို့ပြင် ဒေါ်လှလှနွယ် အသက်(၃၂)နှစ် ညာဖက်ရင်ဘတ်တွင် ကျည်ထိမှန် ဒဏ်ရာရရှိသွားသည္။

“ကျမရဲ့တူ မောင်နုဝေက ဗုံးတွင်းထဲကိုဝင်ဖို့ လုပ်နေတဲ့အချိန် လက်နက်ကြီးကျည်အစ ထိသွားတာပါ။ စံ ထွန်းလှတို့အိမ်လည်း နည်းနည်းပျက်စီးသွားပါတယ်။ သူတို့ကိုဆက်ပြီးတော့ စစ်တွေဆေးရုံကို ယူသွားမှာပါ”ဟု ဒဏ်ရာရရှိသူ၏ မိသားစုဝင် ဒေါ်တင်မေနုက DMGကို ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးြမို့ဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်တွေသို့ ဆက်လက်ပို့ဆောင်ရန် ပြင်ဆင်ထားသည်။

ယင်းနေ့က ဆင်ဦးတိုက်ရွာနှင့် သုံးမိုင်ခန့်ဝေးကွာသည့် စွိချောင်းကျေးရွာအနီးတွင် ပစ်ခတ်သံ(၁)နာရီခန့်ကြာ ကြားခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနြေပီး အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိမှု အရေအတွက်လည်း ပိုမြင့်တက်လာနေသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...