တိုက်ပွဲများကြောင့် ရခိုင်မြောက်ပိုင်း မြို့နယ်သုံးခုတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေ

တိုက်ပွဲများကြောင့် ရခိုင်မြောက်ပိုင်း မြို့နယ်သုံးခုတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေ

မင်းထွန်း — ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ ၅ ရက်နီးပါးရှိလာသဖြင့် ဒေသခံများမှာ အခက်အခဲများဖြစ်ပေါ်နေကြသည်ဟု ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက DMG သို့ပြောသည်။

“ဒီမှာက (Facebook) သုံးလို့မရတဲ့အချိန် Covid-19 ရောဂါလည်းဖြစ်နေတဲ့အချိန်မှာ အချိန်နဲ့တပြေးညီ Facebook လည်း ကြည့်မရတဲ့အခါ၊ (TV)တွေ၊သတင်းတွေ ကြည့်ဖို့ အခက်အခဲဖြစ်ကြတယ်။ ရသေ့တောင်မြို့ပေါ်မှာဆိုရင်လည်း အိမ်တိုင်းလိုလို မီးစက်ရှိကြတာမဟုတ်ဘူး။သက်ဆိုင်ရာတွေကလည်း ဒီကြားထဲမှာ တိုက်ပွဲဖြစ်နေလို့ မပြုပြင်နိုင်ဘူးဆိုတာကိုလည်း ကျမတို့ပြောလို့မှ မရတာ” ဟု ဒေါ်ခင်စောဝေက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ပုဏ္ဏားကျွန်းမြို့ဓာတ်အားပေးစက်ရုံနှင့် ခြောက်မိုင်ခန့်ဝေးသည့်နေရာ ဖက်ကျရွာအနီးတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုး ပြတ်တောက်သွားခြင်း ဖြစ်နိုင်ကြောင်း သက်ဆိုင်ရာ လျှပ်စစ်ဌာနများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ခန့်မှန်းပြောဆိုကြသည်။

ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းစခန်းတာဝန်ခံ ဦးသိန်းရွှေက “ အမြောက်ထိသွားတာလား၊ ကျည်ဆံထိ သွားတာလား တခုခုထိလို့ပေါ့။ အဓိကတော့ တိုက်ပွဲဖြစ်နေလို့ သွားပြီး ပြုပြင်ဖို့မရဘူး”ဟု ဆိုသည်။

အဆိုပါ လျှပ်စစ်မီးပြတ်တောက်သွားသည့် နေရာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သက်ဆိုင်ရာလျှပ်စစ်ဌာနများက လက်ရှိအချိန်ထိသွားရောက်ပြုပြင်ရန် အခက်အခဲများဖြစ်ပေါ် နေခြင်း ဖြစ်သည်။

ယခုရက်ပိုင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ဖက်ကျ၊ လက်ဝဲစာတိုက် စသည့့်ကျေးရွာအနီးပတ်ဝန်းကျင်များတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အဆိုပါကျေးရွာများမှ ဒေသခံများမှာလည်း နီးစပ်ရာကျေးရွာများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...