ကချင်ပြည်နယ်တွင် ကိုဗစ် - ၁၉ Home Quarantine စောင့်ကြည့် လူနာ ၂၃၀၀ ကျော် ရှိ

ကချင်ပြည်နယ်တွင် ကိုဗစ် - ၁၉ Home Quarantine စောင့်ကြည့် လူနာ ၂၃၀၀ ကျော် ရှိ

ကချင်ပြည်နယ် တစ်ဝန်းလုံးတွင်  ဧပြီလ ၃ရက်နေ့ထိ Home Quarantine ထားရှိ စောင့်ကြည့်သူ ဦးရေမှာ၂၃၅၃ ဦး၊ Facility Quarantine ၆၂၁ ဦး၊ ဆေးရုံတွင် စောင့်ကြည့်ထားသူ ဦးရေ ၁၁ ဦး၊ ပေါင်း ၂၉၈၅ ဦး ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန ပြီလ ၃ ရက်ထိ စာရင်းများအရ သိရသည်။

တရုတ်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသည့် ပြည်တော်ပြန်များနှင့် ပိုးတွေ့ရှိထားသူလူနာနှင့် ထိတွေ့ခဲ့သူများကို Facility Quarantine ထားရှိပြီး ပြည်တွင်းမှ မိမိဒေသသို့ ပြန်လည်ရောက်ရှိလာသူများကို Home Quarantine အဖြစ် ထားရှိခြင်း ဖြစ်သည်။

“လူထုအနေနဲ့ စိုးရိမ်ရမှာကတော့ မိမိကိုယ်ကို ကာကွယ်ပါ။ နိုင်ငံတော်စကားကို နားထောင်ပါ။ နိုင်ငံတော်စကားကို တစ်သွေမတိမ်း နားထောင်စေချင်တယ်။ မဟုတ်မမှန်သတင်းတွေ နားမထောင်ပါနဲ့။ ဌာနတိုင်းကိုလည်း ပြောချင်တယ်။ နိုင်ငံတော်ကနေ ဒါက ကောင်းတယ်၊ ဒါက မမှန်ဘူးဆိုရင် မမှန်တဲ့ဟာကို ဖယ်ပေါ့။ ရန်ကုန်ကနေ လာတယ်။ Contact လည်း မရှိဘူး။ Positive လူနာနဲ့လည်း အဆက်အသွယ်မရှိတဲ့ သူကို အတင်း Quarantine လုပ်ခိုင်းတာမျိုး၊ အတင်း ဖိအားပေးတာ၊ ခွဲခြားတာ၊ မလုပ်သင့်ဘူး။ ဒီအချိန်မှာ အဲဒါက အရမ်း အရေးကြီးတယ်"ဟု ကချင်ပြည်နယ် ဒု ကျန်းမာရေးမှူး ဒေါက်တာ နော်ရှဲယ်တာက ဆိုသည်။

ကချင်ပြည်နယ်တွင် သံသယလူနာ ၂၀ဦးရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ ပိုးမတွေ့ Negative ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Facility Quarantine ထားရှိရန် တစ်ပြည်နယ်လုံးတွင် ၉၆ နေရာ၊  မြစ်ကြီးနားမြို့ပေါ်တွင် ၅နေရာ ပြင်ဆင်ထားကာ ကျန်းမာရေးဝန်ထမ်း အားလုံး ၉၀၀ ကျော် ရှိသည်

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...