တီးတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူနှင့် ထိတွေ့ဆက်ဆံသူ ၄၄ ဦး စောင့်ကြည့်ကာလ ပြီးစီး၍ ပြန်လည်ဖြေလျှော့

တီးတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူနှင့် ထိတွေ့ဆက်ဆံသူ ၄၄ ဦး စောင့်ကြည့်ကာလ ပြီးစီး၍ ပြန်လည်ဖြေလျှော့

Salai Khup Khup — တီးတိန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ထားသူနှင့် ထိတွေ့ဆက်ဆံသူ ၄၄ ဦးကို စောင့်ကြည့်ကာလ (၁၄) ရက်ကြာ ပြည့်မြောက်ပြီးစီး၍ ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ထံမှ သိရသည်။

“စောင့်ကြည့်တဲ့ ၁၄ ရက်လည်း ကျော်သွားပြီ ဆိုတော့ စောင့်ကြည့်တာကို ပြန်ဖြေလျှော့ပေးပါပြီ။ စောင့်ကြည့်စဉ်ကလည်း ဖျားတာ နာတာလည်း မရှိကြဘူး။ လက္ခဏာလည်း မပြတော့ စောင့်ကြည့်တာကို ပြန်ဖြေလျှော့လိုက်တယ်”ဟု ဦးစိုးထက်က ပြောသည်။

အဆိုပါ ၄၄ ဦးကို နေအိမ်တွင် (၁၄)ရက်ကြာ နေထိုင်စေခဲ့ပြီး သက်မှတ်ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်သည့်အတွက် စောင့်ကြည့်ခြင်းမှ ရပ်နားပေးလိုက်ကြောင်း သိရသည်။

ပိုးတွေ့ရှိ၍ ဆေးရုံတွင် သီးသန့်ထားရသည့် လူနာ၏ ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိပြီး ၎င်း၏ ကျန်းမာရေး လက္ခဏာကို ရန်ကုန်မြို့တွင် ထပ်မံ စစ်ဆေးမှုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာသို့ အမေရိကန်မှ ပြန်လာသည့် ချင်းအမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ယင်းနောက် ၎င်းနှင့် ထိတွေ့ဆက်ဆံခဲ့သူ တီးတိန်မြို့နှင့် ကပ်တဲလ်ရွာမှ လူ ၄၄ ဦးကို စောင့်ကြည့်ခံအဖြစ် နေအိမ်တွင် ထားရှိရခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့နယ် အန်လန့်ကျေးရွာတွင် အမေရိကပြန် အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးမှာလည်း တီးတိန်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် စောင့်ကြည့် စစ်ဆေးချက်များအရ ရောဂါလက္ခဏာ မရှိသဖြင့် ဆေးရုံမှ ဆင်းရပြီဖြစ်ကြောင်း တီးတိန်ဆေးရုံအုပ် ဒေါက်တာ ဇော်မြင့်နိုင်က ပြောသည်။

ချင်းပြည်နယ်တွင် အဆိုပါဗိုင်းရပ်စ်နှင့်ပတ်သက်၍ စောင့်ကြည့်ခံရသူများမှာ နေအိမ်အတွင်း  ၂၇၈ဦး၊ ဆေးရုံတွင်  ၇ ဦး၊ စာသင်ကျောင်းတွင် ၁၄ ဦး အသီးသီး ရှိကြောင်း သိရသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...