၂၀၂၀ ပထမသုံးလအတွင်း KNU နှင့် တပ်မတော် တိုက်ပွဲ အကြိမ် ၆၀ နီးပါး ဖြစ်ပွား

၂၀၂၀ ပထမသုံးလအတွင်း KNU နှင့် တပ်မတော် တိုက်ပွဲ အကြိမ် ၆၀ နီးပါး ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် ယခု ၂၀၂၀ ပြည့်နှစ် ပထမ သုံးလအတွင်း တပ်မတော်နှင့် တိုက်ပွဲပေါင်း ၅၉ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ကျဆုံးမှုများ ရှိခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

KNU ၏ ထုတ်ပြန်ချက်တွင် ယင်းကာလအတွင်း တပ်မတော်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ “မြန်မာစစ်တပ်သည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး သတ်မှတ်ထားသော နေရာကို ကျော်၍ လှုပ်ရှားမှုများပြုသောကြောင့် ကရင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ နှင့် ပစ်ခတ်မှုများဖြစ်ပွားကာ (၃) လ အတွင်း ( ၅၉ ) ကြိမ်ရှိခဲ့သည်” ဟု ဖော်ပြထားသည်။

KNU တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်(မူတြော်ခရိုင်)တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်း ရှိသည်ဟု မတ်လ ၃၁ ရက် KNU ဗဟို၏ ထုတ်ပြန်ချက်က ဆိုသည်။

၎င်းတို့ ရရှိထားသည့် စာရင်းအရ တပ်မတော်မှ (၂၇) ဦး ကျဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိကာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဘက်မှ (၁) ဦး ကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့သည် ဟု KNU က ဆိုသည်။

အဆိုပါဒေသအတွင်း ဖွံ့ဖြိုးရေးဟုဆိုကာ တပ်မတော်က လမ်းဖောက်လုပ်မှုကို လုပ်ဆောင်လျက်ရှိသော်လည်း KNU ဖက်မှ စစ်ရေးအရ ဖောက်လုပ်သည့် လမ်းမျိုးဖြစ်လာမည် စိုးရိမ်သောကြောင့် လက်မခံရာမှ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟုသိရသည်။

ဒေသခံ ကရင် လူမျိုးများမှာ ထွက်ပြေးတိမ်းရှောင်ရသည်များ ရှိသကဲ့သို့ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြ သူများလည်း ရှိသည့်အပြင် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် က ဆိုသည်။

ထုတ်ပြန်ချက်ထဲတွင် “မြန်မာစစ်တပ်၏ ကားလမ်းဖောက်လုပ်မှုကြာင့် ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူ လူထုများမှာ လူသောမြို့နယ်တွင် အိမ်ထောင်စု ( ၅၁ )စုရှိပြီး လူဦး (၃၆၇)ယောက်ရှိသည်။ ထွက်ပြေးတိမ်း ရှောင်ပြီး နေရပ်ဒေသသို့ ပြန်လည်နေထိုင်နေသော်လည်း စိုးရိမ်ကြောက်လန့်မှုနှင့် နေထိုင်ရသော အိမ် ထောင်စု ( ၉၆ )စု ရှိကာ လူဦးရေ( ၇၂၅) ယောက်ရှိသည်။ ထို့ပြင် စိုးရိမ်ပူပန်ပြီး ကြောက်လန့်မှုနှင့်သာ နေ ထိုင်ရသော အိမ်ထောင်စု ( ၂၀၁) စုရှိပြီး လူဦးရေ (၁၇၀၇) ယောက်ရှိသည်။ ထို့ကြောင့် မူတြော်ခရိုင် တပ် မဟာ ၅ အတွင်း ရှိ ကျေးရွာပေါင်း (၃၀)ရွာ မှ လူဦးရေပေါင်း ( ၂၇၉၉ )ယောက်တို့သည် မြန်မာစစ်တပ်၏ ကားလမ်း ဖောက်လုပ်မှုကြောင့် စိုးရိမ်ကြောက်လန့်မှုများဖြင့် နေထိုင်ခဲ့ရပြီး အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ ရပါသည်” ဟု ဖော်ပြပါရှ်ိသည်။

KNU သည် ၂၀၁၅ အောက်တိုဘာလလယ်တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော်နှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...