တီးတိန်တွင် အမေရိကန်ပြန် အမျိုးသမီးတစ်ဦးကို ကိုဗစ်၁၉ သံသယ စောင့်ကြည့်နေ

တီးတိန်တွင် အမေရိကန်ပြန် အမျိုးသမီးတစ်ဦးကို ကိုဗစ်၁၉ သံသယ စောင့်ကြည့်နေ

Sali Khup Khup - အမေရိကန်နိုင်ငံပြန်၊ ချင်းပြည်နယ် တီးတိန်မြို့နယ် အန်လန့်(Anlanght)ကျေးရွာနေ  အသက်(၆၀) ဝန်းကျင် အမျိုးသမီးကို ကိုရိုနာဗိုင်းရပ်စ် Covid-19 သံသယလူနာအဖြစ် တီးတိန်မြို့ ဆေးရုံတွင် သီးခြားထားရှိကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “တာဝန်ရှိတဲ့ သူတွေက သေချာစောင့်ကြည့်ပြီးတော့ သူ့ကိုဆေးရုံတင်ဖို့ လုပ်နေပါတယ်။ ဆေးရုံတင်ပေမဲ့ ဒီရောဂါ ရှိ မရှိ ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ဖက်မှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ သေချာစစ်ဆေးပြီးမှ သိရမှာ ဆိုတော့ ရောဂါ ရှိ/မရှိတော့ မသိရပေမဲ့ ဖျားတာတော့ ဖျားနေတယ်ဆိုတော့ လူတွေနဲ့ မရောဘဲနဲ့ သီးခြားထားရမှာဖြစ်တယ်”ဟုပြောသည်။

တီးတိန်မြို့နယ်တွင် သံသယ လူနာ ထပ်မံတိုးလာ၍ ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိကြောင်း ဒေသခံ Mung Noက ပြောသည်။

“သူက အမေရိကန် နိုင်ငံကနေ ပြန်လာတာတော့ နည်းနည်း ကြာသွားပြီလို့ ပြောတယ်။ ကျွန်တော်  သိရသလောက်ဆိုရင် သူနည်းနည်း ဖျားတယ် ကိုယ်ပူတယ် ချောင်းဆိုးတယ် သူမိသားစုတွေက ငှက်ဖျားရောဂါထင်ပြီး ငှက်ဖျားကာကွယ်ဆေးတွေ တိုက်ပေမဲ့ လုံးဝ မထူးခြားတဲ့အခါကျတော့ တီးတိန်ပြည်သူ့ ဆေးရုံမှာ သူတို့ဘာသာ သူတို့ လာပြတာဖြစ်တယ်ပြောတယ်”ဟု ဒေသခံ Mung Noက ပြောသည်။

လူနာမှာ ဖျားနာလွန်ကဲပြီး အားနည်းနေသည့် ပုံစံမျိုး မရှိဘဲ အခြေအနေကောင်းမွန်စွာ မြင်တွေ့ခဲ့သည်ဟု ဒေသခံက ပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဒီရောဂါကို ထိန်းချုပ်နိုင်အောင် ပြည်နယ်အဆင့်ကနေ ကြိုးစားနေပါတယ် ပန်ကြားလွှာတွေလည်း ထုတ်တယ် လူစုလူဝေးမဖြစ်အောငျ ဘာသာရေးတှေ သငျတနျးတှေ ကြောငျးတှေ ပိတျဖို့ တစျနိုငျငံထုတျထားတဲ့ အမိန့်တိုင်း လိုက်နာဖို့လိုတယ် အဲဒါတွေကို ပြည်သူတွေက လိုက်နာမယ်ဆိုရင် ရောဂါပြန့်ပွားမှု သက်သာမှာပေါ့ အဲလိုမဟုတ်ဘဲနဲ့ ငါ့သဘောနဲ့ ငါလုပ်နေမယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ်ဖို့ အရမ်းခက်ခဲသွားမယ်”ဟုပြောသည်။

အမေရိကန်ပြန် တစ်ဦးဖြစ်သူ၊ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာနေ  ချင်းအမျိုးသားတွင်လည်း ဗိုင်းရပ်စ် တွေ့ရှိကြောင်း မတ် ၂၃ ရက်က စစ်ဆေးသည့် ဓာတ်ခွဲခန်းအဖြေအရ အစိုးရက ကြေညာထားသည်။ ၎င်းမှာလည်း လက်ရှိ တီးတိန်မြို့ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း သိရသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...