သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကျောက်တော်ကရဲတစ်ဦး စစ်တွေတွင် ဆေးကုသမှုခံယူ

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကျောက်တော်ကရဲတစ်ဦး စစ်တွေတွင် ဆေးကုသမှုခံယူ

မျိုးသီရိကျော်၊ ကျော်သူဌေး — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ်တစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် မတ်လ ၂၇ ရက်နေ့တွင် စစ်တွေရှိ တပ်မတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ဒေသခံများထံက သိရသည်။

မတ်လ ၂၆ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်က ဒုတပ်ကြပ်ကျော်ထွန်းလှသည် မိသားစုရှိရာ သရက်တပင်ကျေးရွာသို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍သွားစဉ် ကစ္စပနဒီတံတားအလွန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သရက်တပင်ဒေသခံ ဦးသာဇံက ပြောသည်။

“သူ့မှာ ညာဘက်တံတောင်ဆစ်က ကျိုးသွားတယ်။ ညာဘက်ခြေထောက်မှာလည်း ဒဏ်ရာရသွားတယ်။ ခြေထောက်မှာ ဒဏ်ရာရတာက ဆိုင်ကယ်လဲသွားပြီး ရသွားတာဖြစ်မယ်” ဟု ၎င်းကဆိုသည်။

၎င်းကို မတ် ၂၆ ညနေပိုင်းက ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့သေးသည်။ မတ် ၂၇ နံနက်ပိုင်းတွင် စစ်တွေတွင် ဆေးကုသမှုခံယူရန် လာရောက်စဉ် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုခံခဲ့ရသည်ဟု ကားဒရိုင်ဘာကိုမောင်ခင်စိုးက ပြောသည်။

“သူ့မိသားစုနဲ့အတူ စစ်တွေဆေးရုံကိုလာတာ ထင်ပါတယ်။ ဒါပေမယ့် စစ်တွေအဝင် ကျောက်တန်းဂိတ်မှာ ရဲတစ်ဦးက စစ်ဆေးတယ်။ ပြီးတော့ စစ်တွေမှာရှိတဲ့ စစ်ဆေးရုံကို မောင်းပို့ပေးခဲ့ရပါတယ်” ဟု ၎င်းကဆိုသည်။

ဖြစ်စဉ်ကို အသေးစိတ်သိရှိရန်နိုင်ရန် ကျောက်တော်မြို့မရဲစခန်းနှင့် တပ်မတော်ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...