ဆမီးမြို့တွင် ဒုက္ခသည်များ စုပြုံ ရောက်ရှိနေ၍ ကိုရိုနာရောဂါအန္တရာယ် စိုးရိမ်ရ ဟု ဆို

ဆမီးမြို့တွင် ဒုက္ခသည်များ စုပြုံ ရောက်ရှိနေ၍ ကိုရိုနာရောဂါအန္တရာယ် စိုးရိမ်ရ ဟု ဆို

Salai Benezer - ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ကို စစ်ဘေးရှောင်များ စုပြုံ ရောက်ရှိနေတာကြောင့် လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ အကူအညီပေးဖို့ သွားရောက်ခဲ့သူ ကိုထားသွောင်က ပြောပါတယ်။

“ဒုက္ခသည်တွေအတွက် စားဖို့သောက်ဖို့ ဘယ်လို လုပ်ပေးရမလဲ ဆိုတဲ့ဟာလောက်ပဲ သူတို့ခေါင်းထဲမှာ ရှိတယ်၊ ဒီ ဝူဟန်လိုမျိုးက ခေါင်းထဲမှာ မရှိနိုင်တဲ့ အနေအထားဖြစ်တယ်ပေါ့နော်"လို့ ကိုထားသွောင်က ပြောပါတယ်။

ဆမီးမြို့သို့ စစ်ဘေး တိမ်းရှောင်လာသူ ဦးရေ လက်ရှိမှာ သုံးထောင်ဝန်းကျင်ရှိနေပြီး မြို့ရဲ့ လူနေကျဲပါးရာ ရပ်ကွက် ၂ နဲ့ ၃ တွေမှာရော လူနေစိပ်ရာ ရပ်ကွက် ၁ မှာပါ ချောင်းရေကို အသုံးပြုကြတာမို့ ရေသန့်စင်မှုအပိုင်း ဦးစားပေးရမှာဖြစ်ကြောင်း ကိုထားသွောင်က ဆက်ပြောပါတယ်။ ကိုရိုနာရောဂါနဲ့ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေလည်း မလုပ်ဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ဟာမျိုးဆိုရင် လက်ရှိမှာက လူ စုပြုံရောက်လာတဲ့အခါကျတော့ ဘယ်ကနေ ပါလာမလဲ မပြောနိုင်ဘူး၊ ပြီးတော့ ခရီးသွားတွေ ပြန်လာတဲ့ဟာကိုလည်း မစိစစ်နိုင်ဘူး၊ ဘာလို့လဲဆိုရင် ဒုက္ခသည်တွေနဲ့ လုံးပန်းနေရတဲ့ အခါကျတော့လေ” လို့လည်း ဆိုပါတယ်။

လူဦးရေ ရုတ်တရက် များပြားလာမှုကြောင့် ဆေးဝါးကုသမှုအပိုင်းမှာလည်း  ဆေးပစ္စည်း ပြတ်လပ်မှု ကြုံတွေ့နေရပြီး ရေရှည်မှာ စိုးရိမ်စရာ ဖြစ်နေကြောင်း သိရပါတယ်။

စစ်ရှောင်လာသူများထဲမှာ ကလေးသူငယ်ဦးရေ သုံးပုံနှစ်ပုံခန့် ပါဝင်နေခြင်းကြောင့် ဖျားနာခြင်း၊ ဝမ်းကိုက်ဝမ်းပျက်ခြင်း စတာတွေ ဖြစ်လာမှာ ဆမီးမြို့ကို ကိုယ်တိုင်သွားရောက် ကူညီခဲ့သူ ကိုလျန်တွမ်က ပြောပါတယ်။

 “သူတို့က ဒီအတိုင်း ပြေးလာရင်း အစားအသောက်ကလည်း ရှိတာပဲ စားသောက်ရတာဆိုတော့ အပေါ့ အလေးကအစ ဖြစ်သလို စွန့်ပစ်ရတော့ ကျန်းမာရေးအရ စိုးရိမ်စရာရှိတယ်။ ကလေးတွေ ဝမ်းကိုက်တာတွေ ဖြစ်တယ်။ အုပ်စုလိုက် အတူတူနေရတော့ တစ်စုံတစ်ခု ကူးစက်တတ်တဲ့ ရောဂါသာရှိမယ်ဆိုရင်တော့ သူတို့အတွက် ရှောင်မရတဲ့ ပြဿနာဖြစ်လာမယ်။ သူတို့ စရောက်လာတုန်းကလည်း ဆမီးဆေးရုံမှာ အရေးပေါ်သုံးဆေးတွေ ပြတ်သွားတယ်။ ကျနော်တို့ဆိုရင် အဲဒီသတင်းကြောင့် ဆေးနဲ့ သူတို့ရဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လိုအပ်တယ်ဆိုလို့ သွားခဲ့တာပါ။ သူတို့လိုအပ်တာက အများကြီးပါပဲ” လို့ ကိုလျန်တွမ်ကပြောပါတယ်။

ဆမီးမြို့မှာ လူဦးရေ သုံးထောင်ကျော် နေထိုင်ပြီး ဒုက္ခသည်ဦးရေမှာ မြို့လူဦးရေနီးပါး ရှိလာတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားဝတ်နေရေးပိုင်း အခက်အခဲရှိနေကြောင်း သိရပါတယ်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...