ဖြေဆိုနေဆဲ တက္ကသိုလ်စာမေးပွဲများ ယာယီ ရပ်ဆိုင်း

ဖြေဆိုနေဆဲ တက္ကသိုလ်စာမေးပွဲများ ယာယီ ရပ်ဆိုင်း

Ann - ကချင်ပြည်နယ်တွင် လက်ရှိ ဖြေဆိုနေဆဲ စာမေးပွဲများကို ယာယီ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ ၂၃ရက် ညပိုင်း ထုတ်ပြန်ချက်အရ ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် Covid- 1 9ပိုးတွေ့ လူနာနှစ်ဦး ရှိနေပြီ ဖြစ်သောကြောင့် ယင်းသို့ စာမေးပွဲများ ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပြောသည်။

"ဆရာတို့က ဒီ ရောဂါဖြစ်ပြီ ဆိုတာနဲ့ ပိတ်မယ် ပြောထားပြီးသားမို့ ဒီနေ့က စပြီး ပိတ်လိုက်ပါပြီ"ဟု ဒေါက်တာ အောင်ဝင်းက  မတ်၂၄ တွင် ပြောသည်။

ထို့အပြင်ကျန်ရှိနေသည့် ဘာသာရပ်များ ဖြေဆိုရမည့် နေ့ရက်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၊ မိုးညှင်းဒီဂရီကောလိပ်၊ ဗန်းမော်တက္ကသိုလ်၊ ဗန်းမော်နည်းပညာကောလိပ်၊  မိုးညှင်းနည်းပညာကောလိပ်တို့တွင်လည်း စာမေးပွဲ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...